ဟာဇက်ဟာ ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ဒီရာသီအကုန်မှာ ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိတယ်လို့ သတင်းများအရ သိရပါတယ်။
နည်းပြ ဇီဒန်းဟာ တိုက်စစ်ပိုင်းအတွက် ကူညီပေးမယ့် ကစားသမားတစ်ဦးကို အပူးတပြင်း ရှာဖွေနေပြီး အသင်းကတော့ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာအသင်းနဲ့ ၁၆ မှတ်ထိ ကွာဟသွားတာကြောင့် ဆုဖလားအတွက် မျှော်လင့်ချက် အတော်နည်းပါးသွားပြီဖြစ်ပါတယ်။
ဟာဇက်မှာ ရီးယဲလ်အသင်းရဲ့ အပြောင်းအရွှေ့မှာ လိုချင်တဲ့ ထိပ်ဆုံး ကစားသမားဖြစ်ပါတယ်။
Radio Monte Carlo ဖော်ပြချက်အရ ရီးယဲလ်အသင်းဟာ အပြောင်းအရွှေ့အတွက် ဟာဇက်နှင့် ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၀ ခုနှစ်အထိ ချယ်လ်ဆီးအသင်းနှင့်အတူ စာချုပ်ရှိနေတဲ့ ဟာဇက်ဟာ စာချုပ်သက်တမ်းတိုးရန် အသင်းရဲ့ ကမ်းလှမ်းမှု နှစ်ခုကို ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
Ref; Express