မုံရွာ၊ ဇန်နဝါရီ ရ။ ။ အချောသက်ပြင်ဆင်မှုလိုအပ်နေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ အလောင်းတော်ကဿပလမ်းအား ဇန်နဝါရီလ ရ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အလောင်းတော်ကဿပရာသီလမ်းဖွင့်ပွဲကို ကပိုင်ကျေးရွာတွင် ယနေ့ပြုလုပ်ခဲ့ပြီး အလောင်းတော်ကဿပဂေါပကအဖွဲ့နာယကဆရာတော်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းလွှတ်တော်ဥက္ကဌဦးသန်းတို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။
ယခင်နှစ်က ဒီဇင်ဘာလအတွင်းဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် အချိန်အခါမဟုတ် မိုးရွာခဲ့သဖြင့် လမ်းဖွင့်နိုင်ခြင်းမရှိပဲ ပြန်လည်ပြုပြင်ခဲ့ရကြောင်း၊ ဇန်နဝါရီလဆန်းပိုင်း ကလည်း ထပ်မံမိုးရွာသွန်းခဲ့သဖြင့် လမ်းအချောသက်ပြုပြင်ခြင်းများ ထပ်မံလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အလောင်းတော်ကဿ ပသည် ပွင့်လင်းရာသီရောက်မှသာ ဘုရားဖူးလမ်းအဖြစ် ဖွင့်လှစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းအတွက် ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုဖြစ်သည်။
အလောင်းတော်ကဿ ပခရီးစဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ မုံရွာမြို့အခြေစိုက်ကာ လည်ပတ်နိုင်သော ခရီးသွားဒေသအဖြစ် သက်မှတ်ထားသော ခရီးသွားဒေသတစ်ခုဖြစ်သည်။