အအေးလှိုင်းကျရောက်၍ အမေရိကန်တွင် တစ်ရက်အတွင်း လူဆယ်ဦးကျော် သေဆုံး

အအေးလှိုင်းကျရောက်၍ အမေရိကန်တွင် တစ်ရက်အတွင်း လူဆယ်ဦးကျော် သေဆုံး

အမေရိကန်နိုင်ငံတွင် အအေးလှိုင်းကြောင့် အပူချိန် ဆက်တက်ကျဆင်းမှု နိုင်ငံတစ်ဝန်း ဖြစ်ပွားနေရာ ကုန်လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၁၁ ဦး သေဆုံးကြောင်း ဌာနေသတင်းများက ဇန်နဝါရီ ၃ ရက်တွင် ဖော်ပြသည်။

အာတိတ်လေထုကြောင့် အန္တရာယ်ရှိအောင် အပူချိန်ကျဆင်းသဖြင့် ယခုကဲ့သို့ သေဆုံးမှုများ ဖြစ်ရကြောင်း CNN သတင်းက ဖော်ပြသည်။

ဝတ်စ်ကွန်ဆင်တွင် လူ ငါးဦး၊ တက္ကဆက်တွင် လေးဦးနှင့် မြောက်ဒါကိုတာနှင့် မစ်ဆောရီတွင် တစ်ဦးစီ သေဆုံးခြင်း ဖြစ်သည်။

နိုင်ငံ၏ နေရာဧရိယာ တော်တော်များများတွင် အင်းအိုင်ရေကန်များ၊ မြစ်ကမ်းပါးများနှင့် ကိုယ်ပိုင်ရေကူးကန်များ အေးခဲနေသည်ကိုလည်း တွေ့ရပြီး အာဏာပိုင်များက နှစ်သစ်ကူးနှင့် ဆက်စပ်သော ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းကို ယာယီတားမြစ်ထားသည်။

အအေးလှိုင်းသည် နိုင်ငံ၏ အရှေ့ပိုင်း သုံးပုံနှစ်ပုံတွင် ဆက်လက်ကျရောက်နေပြီး ယခုသီတင်းပတ်ကုန်တိုင်အောင် ရှိနေကာ ဘေးအန္တရာယ်အဆင့် အပူချိန်ကျဆင်းခြင်းနှင့်   လေပြင်းတိုက်မှုများ   ဖြစ်နို်ငကြောင်း အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂ ရက်တွင် စံချိန်တင် အပူချိန် ကျဆင်းမှုအဖြစ် အိုဟိုင်းယိုးပြည်နယ် ဒေတန်တွင်အပူချိန် အနုတ် ၁၃ ဖာရင်ဟိုက်အထိ ထိုးကျသွားခဲ့ရာ ၁၈၉၈ ခုနှစ်နောက်ပိုင်း စံချိန်တင် ကျဆင်းမှုဖြစ်သည်။ ဆယ်လီဘူရီ၊ မာရီလန်းတို့တွင်လည်း အပူချိန်က ရ ဒီဂရီဖာရင်ဟိုက်အထိ ထိုးကျရာ ၁၉၁၈ ခုနှစ်နောက်ပိုင်း စံချိန်တင် ကျဆင်းမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly