မဲလ်ဘုန်းတွင် လူအုပ်တွင်း ကားဖြင့် လိုက်လံဝင်တိုက်ကာ တိုက်ခိုက်သူနှစ်ဦးကို ဖမ်းဆီး

မဲလ်ဘုန်းတွင် လူအုပ်တွင်း ကားဖြင့် လိုက်လံဝင်တိုက်ကာ တိုက်ခိုက်သူနှစ်ဦးကို ဖမ်းဆီး

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၂၁ ။        ။ သြစတြေးလျနို်င်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်းမြို့တွင် ဒီဇင်ဘာ ၂၁ ရက်က လူထူထပ်ရာအတွင်း ကားဖြင့် လိုက်လံဝင်တိုက် တိုက်ခိုက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရကြောင်း ရဲက ပြောသည်။

ကြောက်စရာကောင်းသော ယခုတို်က်ခိုက်မှုတွင် လူ ၁၉ ဦး ဒဏ်ရာရပြီး လေးဦးမှာ စိုးရိမ်ရသည့် အနေအထားရှိကြောင်း ယာယီရဲမှူးချုပ် ရှန်းပတ်တွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လိုက်လံဝင်တိုက်သည့် ကားမောင်းသမားမှာ အသက် ၃၂ နှစ်ရှိ အာဖဂန်နစ္စတန်မှ လာသူ သြစတြေးလျနိုင်ငံသား ခံယူထားသူဖြစ်ကြောင်း ပတ်တွန်က ပြောပြီး ၎င်းကို အခင်းဖြစ်ရာတွင် ရောက်ရှိနေသည့် တာဝန်ပြင်ပ ရဲတစ်ဦးက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖြည့်စွက်ဆိုသည်။

ယခု ဖြစ်စဉ်သည် တမင်ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်မှုဖြစ်သည်ဟု ရဲက ယူဆသော်လည်း အကြမ်းဖက်ဝါဒနှင့် ပတ်သက်ဆက်နွယ်မှု သက်သေမတွေ့ရသေးကြောင်း ပတ်တွန်က ပြောခဲ့သည်။

၎င်းကျူးလွန်သူသည် မူးယစ်ဆေးသုံးခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာ နောက်ကြောင်းရှိသူဖြစ်ကြောင်းလည်း ၎င်းက ပြောပြီး ကားမောင်းတိုက်ခိုက်ခြင်းအတွက် ရဲက ကြိုတင်လက်ဦးမှုယူ တုံ့ပြန်နိုင်ခဲ့ကြောင်းနှင့် သာမန် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ကျူးလွန်မှုဖြင့် စွဲဆိုထားသည်ဟု ပြောသည်။

ဒုတိယဖမ်းဆီးထားသူမှာ အခင်းဖြစ်ချိန်တွင် ဖုန်းဖြင့် မှတ်တမ်းယူဗီဒီယို ရိုက်ကူးနေသူဖြစ်ပြီး ယင်းနေရာတွင်ပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတွင် ဓားသုံးလက် ပါလာသည်ကို ရဲက ရမိကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly