၀ါရှင်တန်ပြည်နယ်တွင် ကားလမ်းမပေါ် အမြန်ရထားလမ်းချော်၍ သေဆုံးဒဏ်ရာရသူ များစွာရှိ

၀ါရှင်တန်ပြည်နယ်တွင် ကားလမ်းမပေါ် အမြန်ရထားလမ်းချော်၍ သေဆုံးဒဏ်ရာရသူ များစွာရှိ

 

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၉ ။             ။ အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်တွင် ဒီဇင်ဘာ ၁၉ ရက်က ခရီးသည်တင်အမြန်ရထား လမ်းချော်မှုဖြစ်ရာ သေဆုံးပျက်စီးမှုများရှိပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ကောင်တီစီရင်စုရုံးက ထုတ်ပြန်သည်။

ဆီယက်တဲလ်မှ အော်ရီဂွန်ပြည်နယ် ပေါ့တလန်သို့့ ဦးတည်သော ရထားသည် ဆီယက်တဲလ်မှ တောင်ဖက် မိုင်ငါးဆယ်အကွာအရောက် ပူပွန့်မြို့ ရထားဖြတ်လမ်းတွင် နံနက် လူစည်ကားချိန်၌ လမ်းချော်ခြင်း ဖြစ်သည်။

ယင်းရထားလမ်းချော်မှုတွင် သေဆုံးသူ သုံးဦးရှိကြောင်း ဆီယက်တဲလ်တိုင်းမ်စ်က သတင်းဖော်ပြပြီး အခြားသတင်းများတွင် သေဆုံးသူ ခြောက်ဦးရှိသည်ဟု ဖော်ပြကြသော်လည်း အာဏာပိုင်များက သေဆုံးသူအရေအတွက် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

လမ်းချော်မှုဖြစ်သည့် ရထားတွင် လိုက်ပါစီးနင်းသူပေါင်းက ရ၈ ဦးရှိပြီး အမှုထမ်းငါးဦး ပါ၀င်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလမ်းမတွင် ရထားလမ်းချော်မှု ဖြစ်ပွားခြင်းကြောင့် အပျက်အစီးများဖြစ်ကာ ကားများ တိုက်မိပြီး ပိတတ်ဆို့ကုန်သည်။ ကားလမ်းပေါ်တွင် သေဆုံးမှု မရှိဘဲ ရထားပေါ်က လူများတွင်သာ သေဆုံးမှုဖြစ်ကြောင်း ယခုအထိ ရရှိသတင်းအရ သိရသည်။

ရထားက လမ်းချော်ပြီး ကွေ့စောင်းလည်ပတ်သွားကြောင်း ရထားခရီးသည်တစ်ဦးက CBS သတင်းသို့ ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ များစွာ ကရုဏာဖြစ်ရပြီး နက်နက်ရှိုင်းရှိုင်း ဆုတောင်းပေးပါတယ်။ အခြေအနေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပြီး ဌာနေအာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။”ဟု တွစ်တာတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly