ဒီဇင်ဘာ ၁၇ ။ ။ ရန်ကုန်တိုက်စစ်မှူးကျော်ကိုကိုသည် ထိုင်းလိဂ်-၁ ကလပ် ချင်းရွိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်လျက်ရှိနေသည်။
ချင်းရွိုင်အသင်းမှ တာဝန်ရှိသူများသည် ကျော်ကိုကို၏ အပြောင်းအရွှေ့ကိစ္စကို ရန်ကုန်အသင်းနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် လာမည့်တစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ ကျော်ကိုကိုသည် တစ်နှစ်အငှားစာချုပ်ဖြင့် ထိုင်းကလပ်သို့ သွားမည်ဖြစ်ပြီး တစ်လလျှင် လစာငွေ ဒေါ်လာ ရ၀၀၀ ရရှိမည်ဖြစ်ကြောင်း ရန်ကုန်အသင်း၏ မီဒီယာတာဝန်ခံဦးမျိုးမြင့်သောင်းက ပြောဆိုထားသည်။
ချင်းရွိုင်အသင်းမှာ ယမန်နှစ်က ထိုင်းအက်ဖ်အေဖလားချန်ပီယံဆုကို ရရှိထားသည့်အသင်းဖြစ်ပြီး ထိုင်းရှုံးထွက်ဖလားပြိုင်ပွဲတွင် ဒုတိယရထားသည့် အသင်းဖြစ်သည်။ ၂၀၁၇ ထိုင်းပရီးမီးယားလိဂ်တွင် အဆင့်လေးနေရာရထားသည့် အသင်းလည်း ဖြစ်သည်။