ရန်ကုန် ဒီဇင်ဘာ ၁၇ ။ ။ ၈၈ မျိုးဆက်ကျောင်းသားအချို့ ဦးဆောင်သည့် နိုင်ငံရေးပါတီ၏ ပါတီအမည်ကို" ရှစ်လေးလုံးပါတီ " ဟုစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုလိုက်ကြောင်း သိရ သည်
ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယကျောင်း တိုက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီ ဒုတိယအကြိမ်စုံညီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက အတည် ပြု၊ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယနေ့ အစည်းအဝေးတွင် ရှစ်လေးလုံးပါတီ၏ အမည်၊ အလံ၊ အမှတ်တံဆိပ်နှင့် မူဝါဒလုပ်ငန်း စဉ်များကို ဆွေးနွေးအတည်ပြုခဲ့သည်။
ယင်းပါတီဖြစ်မြောက်ရေးအတွက် ဗဟိုဦးဆောင် ကော်မတီတာဝန်ခံအဖြစ် ဦးကိုကိုကြီးက တာဝန် ယူဆောင်ရွက်ခဲ့သည်။ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဦးမင်းဇေယျာနှင့် ဦးရဲနိုင်အောင်တို့ပါဝင်ပြီး ၈၈ မျိုးဆက် ကျောင်း သားများ အဓိက ပါဝင်ခဲ့သည်။