ဂျကာတာ၊ ဒီဇင်ဘာ ၁၆ ။ ။ အင်ဒိုနီးရှားနိုင်ငံ၏ လူနေအထူထပ်ဆုံး ဂျဗားကျွန်းတွင် ငလျင်လှုပ်ရာ မြို့တော် ဂျကာတာနှင့် အခြားမြို့များ ငလျင်ဒဏ် ကြံုရသည်။
အဆောက်အအုံများ ပြိုကျပျက်စီးသည့် သတင်းများ ကြားရသကဲ့သို့ အရေအတွက် မသိနိုင််သေးသည့် လူသေဆုံးမှု ရှိကြောင်းလည်း သိရသည်။
ဂျဗားကျွန်းအလယ်ပိုင်း ဘန်ယုမာမြို့ရှိ အထွေထွေဆေးရုံကြီးမှာ ငလျင်ကြောင့် ပျက်စီးမှုဖြစ်ရာ လူနာများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရကြောင်း Metro TV က သတင်းတင်ဆက်သည်။
ချန်နယ်နယူးအေရှ၏ သတင်းတွင် ငလျင်ပြင်းအားက ၆ ဒဿမ ၅ အဆင့်ရှိပြီး အနည်းဆုံး လူနှစ်ဦးသေဆုံးသည်ဟု ဖော်ပြသည်။
ငလျင်ဗဟိုသည် ကျွန်းအနောက်တောင်ပိုင်းမှ ၅၂ ကီလိုမီတာအကွာ မြေအောက် ၉၂ ကီလိုမီတာတွင် ဗဟိုပြုကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ထုတ်ပြန်သည်။
ငလျင်အစတွင် ဆူနာမီသတိပေးချက်ထုတ်ပြီး ကမ်းခြေဒေသများတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အင်ဒိုနီးရှှှား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီက ထုတ်ပြန်သော်လည်း ဆူနာမီ ဖြစ်ပေါ်မှု မတွေ့ရပေ။