ဒီဇင်ဘာ ၁၄၊ အင်္ဂလန် ။ ။ မန်စီးတီးအသင်းသည် အားနည်းနေသည့်ခံစစ်ပိုင်းကို အားဖြည့်ရန် ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်နှင့် ဆိုစီဒက်နောက်ခံလူ ဗန်ဒိုက်တို့ နှစ်ဦးမှ တစ်ဦးကို ခေါ်ယူရန် ချိန်ဆလျက်ရှိသည်။
မန်စီးတီးအသင်းသည် အဓိကအားဖြင့် ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူလိုနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလကတည်းက ဗန်ဒိုက်ကို ခေါ်ယူရန် အလိုရှိခဲ့သော်လည်း လီဗာပူးလ်အသင်းနှင့် အပြိုင်ဖြစ်ခဲ့ပြီး နောက်ဆုံး ဟော်လန်နောက်ခံလူမှာ ဘယ်အသင်းမှမရောက်ပဲ ဆောက်သမ်တန်တွင်သာ ဆက်ရှိနေခဲ့သည်။
လက်ရှိတွင် မန်စီးတီးအသင်း၏အဓိက နောက်ခံလူများဖြစ်သော ကွန်ပနီနှင့်ဂျွန်စတုန်းတို့မှာ ဒဏ်ရာပြဿနာများရှိနေသည့် အတွက် နည်းပြဂွါဒီယိုလာမှာ ခံစစ်ကို အင်အားဖြည့်တင်းလိုလျက်ရှိသည်။
ဗန်ဒိုက်၏ဆောက်သမ်တန်နှင့်ချုပ်ဆိုထားသော စာချုပ်ပါလျော်ကြေးငွေမှာ ယူရို ၃၂ သန်းဖြစ်သည်။