ဟွမ်ဘင်းနှင့် ကန်ဆိုရာတို့ လမ်းခွဲပြတ်ဆဲ

ဟွမ်ဘင်းနှင့် ကန်ဆိုရာတို့ လမ်းခွဲပြတ်ဆဲ

ဒီဇင်ဘာ ၈ ။                ။ တောင်ကိုရီးယားမင်းသားဟွမ်ဘင်းနှင့် မင်းသမီးကန်ဆိုရာတို့သည် မကြာခင်က လမ်းခွဲပြတ်ဆဲခဲ့ကြသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကန်ဆိုရာ၏အေဂျင်စီဖြစ်သော Plum Actors က “ ကျနော်တို့ ကန်ဆိုရာနဲ့ တွေ့ပြီး တဲ့နောက်မှာ သူမနဲ့ဟွမ်ဘင်းတို့ဟာ မကြာသေးခင်က သူတို့နှစ်ဦးရဲ့ဆက်ဆံကို အဆုံးသတ်လိုက်ပြီလို့ သူမက အတည်ပြုခဲ့ပါတယ်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဟွမ်ဘင်း၏အေဂျင်စီဖြစ်သော VAST Entertainment ကလည်း အလားတူထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့ပြီး “ ဟွမ်ဘင်းနဲ့ ကန်ဆိုရာတို့ဟာ သူတို့နှစ်ဦးရဲ့ မအားလပ်နိုင်တဲ့အချိန်ဇယားတွေကြောင့် လမ်းခွဲဖို့ဆုံးဖြတ်လိုက် ကြပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကိုကောင်းမွန်စွာနဲ့ပဲ အဆုံးသတ်လိုက်ကြတာဖြစ်ပြီး လုပ်ဖော်ကိုင် ဖက်တွေအနေနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီးဆက်ဆံသွားကြမှာဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

ဟွမ်ဘင်းနှင့် ကန်ဆိုရာတို့သည် လွန်ခဲ့သော ၂၀၁၆ခုနှစ် အောက်တိုဘာလက စတင်တွေ့ဆုံခဲ့ပြီး ထို့နောက် ပြီးခဲ့သော ဒီဇင်ဘာလက စတင်လက်တွဲခဲ့ခြင်းဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags