ဒီဇင်ဘာ ရ ။ ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ဗန်တူရာကောင်တီတွင် လောင်ကျွမ်းနေလျက်ရှိသော တောမီးများကို ဒေသခံမီးသတ်သမားများ အသည်းအသန် ကြိုးစား ငြှိမ်းသတ်နေလျက်ရှိသော်ငြားလည်း လေတိုက်နှုန်း အားကောင်းနေခြင်းကြောင့် ထိန်းချုပ်နိုင်ရန် ခက်ခဲနေလျက်ရှိသည်။
ပြည်နယ်တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ အကြီးဆုံးသော တောမီးကို ထိန်းချုပ်နိုင်ရန် မီးသတ်သမား ၁,၀၀၀ ကျော်နဲ့ ၀ိုင်းဝန်းငြိှမ်းသတ်နေရလျက်ရှိသည်။
တောမီးများသည် ပြည်နယ်ရှိ တောင်ကုန်းအမြင့်ပိုင်းနေရာများနှင့် လော့စ် အိန်ဂျလိစ် အနောက်မြောက် ကီလိုမီတာ ၈၀ အကွာ ဗန်တူရာမြို့ တို့တွင် လောင်ကျွမ်းနေလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောထားသည်။
တနင်္လာနေ့က စတင်လောင်ကျွမ်းနေခဲ့သော တောမီးသည် ဟက်တာပေါင်း ၅၀,၀၀၀ ကျော် လောင်ကျွမ်းထားခဲ့ရပြီ ဖြစ်သည်။
လူပေါင်း ၂၇,၀၀၀ ကျော်တို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အန္တရာယ်သတိပေးချက်များလည်း ထုတ်ပြန်ထားရသည်။
တောမီးများသည် ပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ် ဒေသတစ်လွှားထိ ဆက်လက်လောင်ကျွမ်းလာနေလျက်ရှိခြင်းကြောင့်လည်း အဓိက ကားလမ်းကြီးတစ်ခုကို ပိတ်ထားခဲ့ရကြောင်းလည်း သိရသည်။