ရေးသားသူ Poe Ei Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
မြန်မာအခေါ် ဒရင်ကောက်ပင်( fiddlehead) ဆိုတာ နူးညံ့ပြီး အရွက်ရဲ့ထိပ်မှာ အခွေအလိပ်သ လေးရှိတဲ့ ဖန်းပင်တစ်မျိုးပါ ။သူ့ရဲ့ ပုံစံက ကြိုးတပ်တူရိယာတွေမှာ အများဆုံးတွေ့ရတတ်တဲ့ (ဥပမာ-တယော) ရဲ့ ထိပ်ဆုံးက အဆင်တန်ဆာလေးနဲ့ ဆင်တူပါတယ်။သူ့ကို အစို့အညှောက်လေးတွေ ထွက်ခါစမှာ ခူးယူစားသုံးနိုင်ပါတယ်။နွေဦးရာသီအစမှာ ဒရင်ကောက်ပင်တွေကို ပေါပေါများများ တွေ့ရတတ်ပါတယ်။အညွန့်လေးတွေကိုခူးပြီး သုပ်စားလို့ပဲဖြစ်ဖြစ်၊ ကြော်စားလို့ပဲဖြစ်ဖြစ် အမျိုးမျိုးအဖုံဖုံ လုပ်စားနိုင်ပါတယ်။ဒရင်ကောက်ပင်မှာ ဗီတာမင်အေ၊ဗီတာမင်စီ နဲ့ omega 3 တို့ ကြွယ်ဝစွာ ပါရှိတဲ့အတွက် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။
သင်မသိသေးတဲ့ ဒရင်ကောက်ပင်ရဲ့ အံ့ဖွယ်အချက် (၇)ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။
(၁) ဒရင်ကောက်ပင်ဟာ ကိုယ်အလေးချိန်ကျဆင်းရန် စွမ်းဆောင်ပေးနိုင်ပါတယ်။
အာဟာရဓာတ်ပါ၀င်မှု သိပ်သည်းဆမြင့်တဲ့ ဒရင်ကောက်ပင် 100 g မှာ 34 ကယ်လိုရီ ပါ၀င်ပါတယ်။သူ့ထဲမှာ ပါရှိတဲ့ အမျှင်ဓာတ်က ဦးနှောက်တွင်းရှိ အစာစားချင်စိတ်ကို လှုံဆော်ပေးတဲ့ ghrelin ဟော်မုန်းကို တားဆီးပေးပါတယ်။
(၂) ဒရင်ကောက်ပင်ဟာ ရောဂါကူးစက်မှုတွေကို လျော့ချပေးနိုင်ပါတယ်။
လူတွေမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီ ပမာဏက 100 ဂရမ်ပါ။ဒရင်ကောက်ပင်မှာ 44 ရာခို်င်နှုန်းပါ၀င်နေပါတယ်။ဗီတာမင်စီဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောဂါတွေကို ခုခံနိုင်စွမ်း တိုးမြင့်စေပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကို လျော့ကျစေပါတယ်။
(၃) ဒရင်ကောက်ပင်ဟာ ကျန်းမာတဲ့ သွေးဖိအားကို ရရှိစေနိုင်ပါတယ်။
ခန္ဓာကိုယ်ကြွက်သား၊အရိုးနဲ့ နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးတဲ့ ပိုတက်ဆီယမ်ဓာတ် လုံလောက်စွာ ပါရှိပါတယ်။ဒါကြောင့် သွေးတိုးရောဂါရှိတဲ့သူတွေအတွက် ဒရင်ကောက်ပင်ကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပါတယ်။
(၄) ဒရင်ကောက်ပင်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနို်င်တဲ့ အစွမ်းသတ္တိရှိပါတယ်။
မဂ္ဂနီဆီယမ်ဟာ သွေးထဲမှာရှိတဲ့ သကြားဓာတ်၊ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နဲံ သို်င်းရွိုက်ဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းဓာတ်တွေအတွက် အလွန်ပင်အရေးပါလှပါတယ်။ဒရင်ကောက် 100 ဂရမ်မှာ မဂ္ဂနီဆီယမ် 26 ရာခိုင်နှုန်းပါ၀င်ပါတယ်။မဂ္ဂနီဆီယမ် လျော့နည်းခြင်းဟာ မျိုးအောင်နှုန်းလျော့ကျခြင်း၊ဖွံဖြိုးမှုနည်းခြင်း၊မွေးရာပါချို့ယွင်းချက်တွေနဲ့ အထွေထွေအားနည်းချက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။
(၄) ဒရင်ကောက်ပင်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနို်င်တဲ့ အစွမ်းသတ္တိရှိပါတယ်။
မဂ္ဂနီဆီယမ်ဟာ သွေးထဲမှာရှိတဲ့ သကြားဓာတ်၊ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နဲံ သို်င်းရွိုက်ဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းဓာတ်တွေအတွက် အလွန်ပင်အရေးပါလှပါတယ်။ဒရင်ကောက် 100 ဂရမ်မှာ မဂ္ဂနီဆီယမ် 26 ရာခိုင်နှုန်းပါ၀င်ပါတယ်။မဂ္ဂနီဆီယမ် လျော့နည်းခြင်းဟာ မျိုးအောင်နှုန်းလျော့ကျခြင်း၊ဖွံဖြိုးမှုနည်းခြင်း၊မွေးရာပါချို့ယွင်းချက်တွေနဲ့ အထွေထွေအားနည်းချက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။
(၆) ဒရင်ကောက်ပင်ဟာ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျောချပေးနိုင်ပါတယ်
သူ့ထဲမှာ တွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း beta-carotene ဟာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။သုတေသနတွေအရ တစ်နေ့ကို beta-carotene 1.7 ကနေ 2.7 မီလီဂရမ်ထိ သောက်သုံးတဲ့သူတွေဟာ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို 40 ရာခိုင်နှုန်းအထိ လျော့ချပေးနို်င်တယ်လို့ သိရှိရပါတယ်။
(၇) ဒရင်ကောက်ပင်ဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
အမြင်အာရုံကို တိုးတက်စေပြီး ကြက်မျက်သင့်ရောဂါ၊မျက်လုံးအမြင်အာရုံ ယိုယွင်းခြင်း အစရှိသည်တို့ကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ လုံလောက်စွာ ပါရှိပါတယ်။မုန်လာဥနီလိုပဲ ဒရင်ကောက်ဟာလဲ လက်စွဲထားသင့်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါပဲ။
အချုပ်ဆိုရရင်တော့ ဒရင်ကောက်ပင်ဟာ မျှတတဲ့ အာဟာရဓာတ်က်ုိ ပေးစွမ်းနိုင်သည့်အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ၀ိတ်ကျလိုသူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ ဒါပေမဲ့ ဒရင်ကောက်ပင်ကို အလွန်အကျွံစားသုံးမိရင်တော့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဗီတာမင် ဘီ1 ဓာတ်ကို ဆုံးရှံုးစေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာတွေဖြစ်တဲ့ အစာစားချင်စိတ်မရှိခြင်း၊အစာမကြေခြင်း ၊ကြွက်သားများအထိမခံနိုင်ခြင်း (အထူးသဖြင့် ခြေသလုံးကြွက်သား) စတဲ့ အရာတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဒရင်ကောက်ပင်ကို ချင့်ချိန်ပြီး တန်ဆေးလွန်ဘေး မဖြစ်အောင် စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။