ဒီဇင်ဘာ ၆။ ။ အာကာသထဲမှာတော့ ယခုရက်သတ္တပတ်အတွင်း သမိုင်းဝင် အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်။ ဒါကတော့ နိုင်ငံတကာ အာကာသစခန်းက အာကာသယာဉ်တွေ စုရုံးပြီး ပီဇာ ပါတီ ပွဲ ကျင်းပခဲ့ကြတာပါ။ အာကာသထဲမှာ လုပ်တဲ့ ပထမဆုံးသော ပီဇာပါတီပွဲလည်း ဖြစ်ပါတယ်။
ဒီ ပါတီပွဲ ဖြစ်မြောက်အောင် အဓိက ဦးဆောင်စီစဉ်ခဲ့သူကတော့ အီတလီ အာကာသယာဉ်မှူး ပေါ်လို နက်စ်ပိုလီ ဖြစ်ပါတယ်။
ကမ္ဘာမြေနဲ့ ဝေးကွာနေတဲ့ ခုလိုချိန်မှာ ပီဇာ စားချင်လိုက်တာ ဆိုပြီး နက်စ်ပိုလီက လှမ်းပြီး ပူစာခဲ့ရာမှာတော့ နာဆာအဖွဲ့က ချက်ချင်းဆိုသလို ပီဇာ ပြုလုပ်တဲ့ ပါ၀င်ပစ္စည်းတွေကို လှမ်းပို့ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပီဇာဖုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရလာတာနဲ့တစ်ပြိုင်နက် အာကာသယာဉ်မှူးတွေ အာကာသထဲ အသည်းအသန် ပီဇာဖုတ်ကြပါတော့တယ်။
တကယ်တမ်းမှာတော့ ကမ္ဘာမြေ ဆွဲငင်အားလွတ်တဲ့ အာကာသထဲမှာ ပီဇာ ဖုတ်ဖို့ ဆိုတာက အာကာသယာဉ်မှူးတွေအတွက်ကတော့ နည်းနည်းတော့ ခဲရာခဲဆစ်နိုင်လှပေမယ့် သူတို့ ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာတော့ လွင့်ပျံဝဲနေတဲ့ ပီဇာတွေကို သူတို့ လှန်လှောကိုင်တွယ်ပြီး ခက်ခက်ခဲခဲ ဖုတ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။
အာကာသယာဉ်အဖွဲ့မှူး ရန်ဒီ ဘရက်စ်နစ်ကတော့ ယင်း ပီဇာတွေကို စားသုံးလို့ရတဲ့ လေဝဲ ပန်ကန်ပြားတွေလို့ တောင် တင်စားခဲ့ပါသေးတယ်။