ဒီဇင်ဘာ ၄ ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံရုံးမှာ ဒီဇင်ဘာ ၄ ရက်က မသင်္ကာဖွယ်ရာ အထုပ်နှစ်ထုပ်ကို တွေ့ရှိခဲ့ရပြီးနောက် သံရုံးရဲ့ ဗီဇာဌာန ရုံးဝန်ဆောင်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ယင်းနောက် ဗုံးလို့ ယူဆရတဲ့ မသင်္ကာဖွယ်ရာ အထုပ်တွေကို စစ်ဆေးကြည့်ရှုရာမှာတော့ ယင်းတို့ဟာ ဗုံးအစစ်မဟုတ်ဘဲ ဗုံးအတု တွေ ဖြစ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ အထုပ်တွေကတော့ သံရုံးဆီကို စာတိုက်ကနေ ပေးပို့လိုက်လို့ ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
ယင်းနောက် သံရုံးအနီး လမ်းကို ရဲတွေက ပိတ်ထားလိုက်ပြီး အထုပ်တွေကို စစ်ဆေးစုံစမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။