ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon
သေကြောင်းကြံခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး စိတ်ကျခြင်း၊ Bipolar disorder, stress disorder, anxiety disorder နဲ့ post-traumatic problems တွေပါဝင်တဲ့ စိတ်အခြေအနေကြောင့် ဖြစ်ခြင်း ဖြစ်ပါတယ်။
သေကြောင်းကြံခြင်းရဲ့ လက္ခဏာတွေကို သတိထားမိခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ကျဉ်ဖို့ ကူညီပေးပြီး သေကြောင်းကြံတဲ့ အတွေးကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖေါ်ထုတ်ဖို့လည်း ကူညီပေးနိုင်ပါတယ်။
၁။ သေကြောင်းကြံနိုင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
- မျှော်လင့်ချက် ကင်းမဲ့ခြင်း
ဒါဟာ စိတ်ကျခြင်း ခံစားနေရတဲ့သူတွေမှာ အဖြစ်အများဆုံးလက္ခဏာ တစ်ခုဖြစ်ပါတယ်။ မျှော်လင့်ချက် ကင်းမဲ့ခြင်းဟာ သင့်ရဲ့ အခုအခြေအနေကိုသာမက အနာဂတ်အတွက်ပါ ဖြစ်ပါတယ်။
- ဝမ်းနည်းခြင်း၊ စိိတ်အပြောင်းအလဲ ဖြစ်ခြင်း
အချိန်ကြာ ဝမ်းနည်းခြင်းဟာ သင့်ကို အလွန်စိတ်ဖိစီးမှု များစေပါတယ်။ ဝမ်းနည်းမှုများခြင်းဟာ သေကြောင်းကြံခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။
- အိပ်စက်မှုဆိုင်ရာ ပြဿနာများ
အိပ်စက်ခြင်းဟာ သင့်ဦးနှောက်ပျက်စီးမှုတွေကို ပြန်ပြင်ပေးပြီး လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေပါတယ်။ အချိန်ကြာမြင့်စွာ စိတ်ဝင်စားမှု ပြဿနာတွေကို ခံစားနေရသူတွေဟာ ပြန်လည်ပြင်ဆင်ခြင်း မပြုနိုင်တဲ့ ဦးနှောက်ပျက်စီးမှုတွေ ဖြစ်နိုင်ပါတယ်။ အိပ်ပျက်မှုဟာ သေကြောင်းကြံခြင်းရဲ့ အန္တရာယ် အများဆုံး အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။
- ကိုယ်ရည်ကိုယ်သွေး၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်တဲ့ စကားဖြည်းဖြည်းပြောခြင်း၊ စိတ်တိုလွယ်ခြင်း၊ အလွန်အိပ်ခြင်း၊ အလွန်စားခြင်းတွေဟာ အချို့သူတွေမှာ သိသာတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီလိုလူတွေဟာ သူတို့ကို မကောင်းတဲ့ဘက်ကို ပြောင်းလဲစေတဲ့ ရုပ်ရည်ပုံစံကို ဂရုစိုက်ခြင်း မရှိပါဘူး။
- တစ်ဦးတည်းနေထိုင်ခြင်း
သေကြောင်းကြံလိုသူတွေဟာ အိမ်နဲ့ မိသားစုတွေနဲ့ မနေလိုကြပါဘူး။ ပတ်ဝန်းကျင်ကို ရှောင်လာပြီး တစ်ဦးတည်းသာ နေထိုင်တတ်ကြပါတယ်။ ဒါ့ပြင် သူတို့အရင်က စိတ်ဝင်စားခဲ့တဲ့ အရာတွေကိုလည်း စိတ်ဝင်စားခြင်း မရှိတော့ပါဘူး။
- မိမိကိုု အန္တရာယ်ပြုနိုင်တဲ့ အပြုအမူတွေ ပြုလုပ်ခြင်း။
အန္တရာယ် ရှိတဲ့ အပြုအမူတွေ ဖြစ်တဲ့ အရက်အလွန်သောက်ခြင်း၊ ဆေးသုံးခြင်း၊ သတိမပြုပဲ ကားမောင်းခြင်း၊ အကာအကွယ်မသုံးပဲ လိင်ဆက်ဆံခြင်းတွေကို စတင်ပြုမူကြပါတယ်။ သူတို့ လုံခြံုမှုကို စိုးရိမ်စိတ်မရျိတော့ပဲ သူတို့ဘဝတွေကိုလည်း တန်ဖိုးထားခြင်း မရှိတော့ပါဘူး။
- သေကြောင်းကြံမယ်လို့ ခြိမ်းခြောက်ခြင်း
သေကြောင်းကြံလိုတဲ့ သူအများစုဟာ မိသားစု၊ သူငယ်ချင်းတွေကို သတိပေးလက္ခဏာတွေ ပြတတ်ကြပါတယ်။ ဥပမာ သေကြောင်းကြံချင်တဲ့ အတွေးတွေကို မကြာခဏပြောခြင်း၊ သေခြင်းတရားအတွက် ပြင်ဆင်ခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။
၂။ ဘယ်သူက သေကြောင်းအကြံနိုင်ဆုံးလဲ။
သေကြောင်းကြံနှုန်းဟာ အုပ်စုတွေကြားမှာ ကွာခြားမှုရှိပါတယ်။ ဆယ်ကျော်သက်၊ ငယ်ရွယ်သူတွေနဲ့ အသက်ကြီးသူတွေဟာ သေကြောင်းကြံမှု အများဆုံးအုပ်စုတွေ ဖြစ်ပါတယ်။ ဒါ့ပြင် အောက်ဖေါ်ပြပါ အုပ်စုမှာတွေမှာလဲ သေနှုန်းမြင့်မားပါတယ်။
- ကုသပျောက်ကင်းခြင်းမရှိတဲ့ ဆိုးဝါးတဲ့ ရောဂါ ခံစားနေရသူများ
- သေကြောင်းကြံဖူးတဲ့ မိသားစု ရာဇဝင်ရှိသူများ
- သေကြောင်းကြံသူ သူငယ်ချင်းရှိသူများ
- စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများ
- ကြာရှည်စွာ စိတ်ကျရောဂါ ရှိသူများ
- လက်ထပ်ထားခြင်းမရှိသူများ၊ ကျွမ်းကျင်မှု မရှိသူများ၊ အလုပ်မရှိသူများ
- အရင်က သေကြောင်းကြံဖူးသူများ
- ဆေးသုံးသူများ
- ရောဂါအခြေအနေ ဆိုးရွားသူများ
- အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သေကြောင်းကြံနှုန်း သုံးဆ ပိုများပါတယ်။
သေကြောင်းကြံခြင်းကို ပုံမှန်ဆေးကုသမှုနဲ့ ကုသဖို့မရနိုင်ပါဘူး။ မိသားစု၊ သူငယ်ချင်းတွေရဲ့ ကူညီပေးမှုနဲ့ ဖြစ်စေတဲ့အကြောင်းရင်းကို ကုသဖို့ လိုအပ်ပါတယ်။ သေကြောင်းကြံချင်စိတ်ဖြစ်တိုင်း သင့်ဆရာဝန်ကိုပြသပြီး ပြဿနာတွေကို ဖြေရှင်းသင့်ပါတယ်။