၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောဒေသအတွင်းရှိ ပိတ်ထားရတဲ့ ကျောင်း ၄၂၄ ကျောင်း ရှိသည့်အနက် ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောဒေသအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရပါတယ်။
မောင်တောမြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၁၈၃ ကျောင်းအနက် ၄၁ ကျောင်းကို လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၂၂၁ ကျောင်းအနက် ရ၅ ကျောင်းကို လည်းကောင်း၊ ရသေ့တောင်မြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၂၀ အနက် ၁၀ ကျောင်းကိုလည်းကောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ကျောင်းသား ကျောင်းသူများ ပြန်လည် ပညာသင်ကြားလျက်ရှိတယ်လို့ သိရပါတယ်။
မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်အတွင်း၌ ပိတ်ထားရတဲ့ ကျောင်း ၄၂၄ ကျောင်း ရှိသည့်အနက် ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂၉၈ ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Ref; Information Committe