ဆိုးလ်၊ သြဂုတ် ၁၈ ။ ။ ဖက်စပ်စက်ရုံဇုန်မှ မြောက်ကိုရီးယား အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခကို ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း တောင်ကိုရီးယား စက်မှုလုပ်ငန်း ကိုယ်စားလှယ်က ပြောကြားခဲ့သောကြောင့် ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် တင်းမာမှု များ မြင့်တက်နေလင့်ကစား လပေါင်းများစွာ ကြာမြင့်လာခဲ့သည့် အငြင်းပွားမှုမှာမူ အဆုံးသတ်သွား ခဲ့ပြီ ဖြစ်သည်။
ခံတပ် ထူထပ်စွာချထားသည့် ကိုရီးယား နှစ်နိုင်ငံနယ်စပ်၏ မြောက်ဘက်တွင်ရှိ ကေဆောင်း စက်မှုဇုန်တွင် လစဉ်လုပ်ခကို ကန်ဒေါ်လာ ၇၃ ဒသမ ၈၇ အထိ မြှင့်တင်ရန် သြဂုတ်လ ၁၇ ရက်က နှစ်နိုင်ငံ သဘောတူညီချက် ရရှိသွားခဲ့ခြင်းပင် ဖြစ်သည်။
“တောင်နဲ့မြောက် ဆွေးနွေးပွဲက ရလဒ်ကောင်း ထွက်လာတာကို ကြိုဆိုပါတယ်။ ကေဆောင်း မှာ တည်ငြိမ်တဲ့ စီမံခန့်ခွဲမှု ရှိလာတော့မယ် ကောင်းတဲ့လက္ခဏာပါ’’ဟု ကေဆောင်းစက်မှုဇုန် ကော်ပို ရိတ် အသင်းကြီး၏ ဒုတိယဥက္ကဌ ယူချန်းဂျွန်းက သြဂုတ်လ ၁၈ ရက်က ပြောကြားသည်။
ဆင်းရဲသည့် မြောက်ကိုရီးယားအတွက် ကေဆောင်းစက်မှုဇုန်မှာ အဓိကကျသည့် ဝင်ငွေရင်း မြစ်ဖြစ်ပြီး တောင်ကိုရီးယားကုမ္ပဏီ ၁၂၅ ခုခန့်က အထည်အလိပ်နှင့် စက်မှုလုပ်ငန်းသုံး အစိတ်အပိုင်း များကို ထုတ်လုပ်နေကြကာ အလုပ်သမားပေါင်း ၅၃၀,၀၀၀ ၏ လုပ်ခလစာများကို မြောက်ကိုရီးယား အစိုးရသို့ တိုက်ရိုက် ပေးချေနေသည်။
လုပ်ခလစာ နှုန်းထားသစ်မှာ ယခင်မြောက်ကိုရီးယားက တောင်းဆိုထားသည့် ၃ ဒသမ ၆၅ ဒေါ်လာ တိုးမြှင့်မှုထက် အနည်းငယ်နိမ့်ပြီး၊ ဇုန်ထူထောင်ချိန်က သဘောတူခဲ့သည့် နှစ်စဉ် ၅ ရာခိုင် နှုန်း တိုးနှုန်းထက်မူ ကျော်လွန်နေသည်။
မြောက်ကိုရီးယားက ငြင်းပယ်ထားသော်လည်း စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းများ ချထားသည့် အတွက် ဆိုးလ်က ပြုံယမ်းကို ပြစ်တင် ရှုတ်ချနေသောကြောင့် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ မှာ ယခုလ အစောပိုင်းတွင် မြင့်တက်လာနေခဲ့သည်။