နိုဝင်ဘာ ၁၅၊ သြစတြေးလျ ။ ။ သြစတြေးလျအသင်းဟာ အိမ်ကွင်းမှာ ဟွန်ဒူးရပ်စ်ကို ၃-၁ ဂိုးနဲ့အနိုင်ယူပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ပထမအကျော့ဟွန်းဒူးရပ်စ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး အိမ်ကွင်းမှာတော့ သြစတြေးလျတို့က ဂျီဒီနက်ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ ဗီလာကွင်းလယ်ကစားသမား ဂျီဒီနက်ဟာ ဒီပွဲမှာ ခြေစွမ်းပြပြီး အနိုင်ဂိုးသုံးဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ ပထမဂိုးက ဖရီးကစ်ကနေ နောက်ခံလူနဲ့ထိကာလမ်းကြောင်းပြောင်းဂိုးဝင်ခဲ့တာဖြစ်ပြီး နောက်နှစ်ဂိုးက ပင်နယ်တီတွေဖြစ်ပါတယ်။
ဟွန်ဒူးရပ်စ်အသင်းဟာ ဒီပွဲမှာ သြစတြေးလျကို မယှဉ်နိုင်ခဲ့ဘဲ ချေပဂိုးတစ်ဂိုးကို နာကျင်အချိန်ပို ၉၄ မိနစ်ရောက်မှ သွင်းယူနိုင်ခဲ့ပါတယ်။
သြစတြေးလျအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ခွင့်ရရှိတဲ့ ၃၁ သင်းမြောက်အသင်းဖြစ်ပြီး လက်ကျန်တစ်နေရာသာ ကျန်ရှိပါတော့တယ်။ နိုဝင်ဘာ ၁၆ မှာ ယှဉ်ပြိုင်မယ့် ပီရူးနဲ့နယူးဇီလန်တို့ပွဲက အနိုင်ရတဲ့အသင်းက နောက်ဆုံးလက်ကျန်တစ်နေရာကို ရရှိမှာ ဖြစ်ပါတယ်။
ရည်ညွှန်း ဒေးလီးမေးလ်