နိုဝင်ဘာ ၁၁၊ လန်ဒန်။ ။ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ရန် အရှိန်မြှင့်မည့် ချယ်လ်ဆီးအသင်းသည် အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီကို ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းရန်ပြင်ဆင်နေသည်။
အင်တာမီလန်တိုက်စစ်မှူးသည် အေစီမီလန်ကိုအနိုင်ရသည့် မီလန်ဒါဘီပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့သူလည်းဖြစ်သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် ဇန်နဝါရီတွင် ယင်းတိုက်စစ်မှူးကိုခေါ်ယူရန် စာချုပ်ဖျက်သိမ်းကြေးကိုပေးလိမ့်မည်ဟု အယ်ဂိုလ် ဒစ်ဂျစ်တယ်သတင်းတွင်ဖော်ပြထားသည်။
အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးသည် လက်ရှိရာသီစီးရီးအေ ၁၂ ပွဲတွင် ၁၁ ဂိုးသွင်းထားရာ ၉၇ မိနစ်တိုင်း တစ်ဂိုးနှုန်းဖြင့် သွင်းယူထားခြင်းဖြစ်သည်။
မိုရာတာနှင့်တွဲဖက်လိုက်ပါက ကွန်တီ၏ ချယ်လ်ဆီးတိုက်စစ်အတွဲမှာ ပရီးမီးယားလိဂ်တွင် ကြောက်စရာအကောင်းဆုံးဖြစ်လာ ဖွယ်ရှိသည်။
Ref; Mirror