ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီမီနာလိုဟာ အသင်းနဲ့ ၁၀ နှစ်ခန့် ပူးပေါင်းဆောင်ရွက်ပြီးနောက် တနင်္လာနေ့က ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။
၁၉၉၄ ကမ္ဘာ့ဖလားမှာ နိုက်ဂျီးရီးယားအသင်းအတွက် ကစားခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် အီမီနာလိုဟာ ချယ်လ်ဆီးအသင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ နည်းစနစ်ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ အဲဒီမတို်ခင်က သူဟာ ဘောလုံးသမား ကင်းထောက်နှင့် အသင်းနည်းပြအဖွဲ့ နှစ်ခုလုံးမှာ လုပ်ကိုင်ခဲ့ပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၎င်းရှိချိန်ကာလအတွင်း ချယ်လ်ဆီးအသင်းဟာ ၂၀၁၂ မှာ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်နှင့် ယူရိုပါလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။
Ref; BBC