ဒမတ်စကပ်၊ နိုဝင်ဘာ ၃ ။ ။ အိုင်အက်စ် ဂျီဟတ်ဝါဒများ ခြေကုပ်ရှိနေသေးရာ နောက်ဆုံးအဓိကမြို့မှ တိုက်ထုတ်ရာတွင် အိုင်အက်စ်အုပ်စုလက်အောက်မှ Deir Ezzor မြို့အား ဆီးရီးယားစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်သည်။
“Deir Ezzor မြို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်တပ်က ကြေညာပါတယ်။”ဟု နိုင်ငံပိုင် ရုပ်သံက မြေပြင်သတင်းရင်းမြစ်ကို ကိုးကားကာ ကြားဖြတ်သတင်းအဖြစ် ကြေညာသည်။
နိုင်ငံပိုင် ရုပ်သံ SANA က Deir Ezzor မြို့ လုံးဝလွတ်မြောက်ကြောင်းလည်း သတင်းတင်ဆက်သည်။
စစ်တပ် အင်ဂျင်နီယာတပ်ရင်းက အနီးဝန်းကျင်ဧရိယာများတွင် မိုင်းများ၊ အခြားဖောက်ခွဲရေးပစ္စည်းများကို ရှင်းလင်းနေခဲ့ကြောင်း ယင်းရုပ်သံက ဖော်ပြသည်။
လေကြောင်းဗုံးကြဲမှုများနှင့် အမြောက်ပစ်ကူများကြောင့် မြို့မှာ အပျက်အစီးများ များစွာဖြစ်ကျန်ခဲ့သည်ကို အေအက်ဖ်ပီသို့ သတင်းပေးတစ်ဦးက မြေပြင်မျက်မြင် တွေ့ရှိကြောင်း ဆိုသည်။
အစိုးရ မိုင်းရှင်းလင်းရေးအဖွဲ့က မိုင်းဗုံးရှင်းရေး လုပ်ဆောင်နေရာတွင် အိုင်အက်စ်များ၏ ၄င်းတို့ ရပ်တည်ရာအား ကာကွယ်ရန် တည်ဆောက်ထားသည့် ခံကတုပ်များကိုလည်း မြင်တွေ့နေရဆဲဖြစ်သည်။
ရုရှ၏ လေကြောင်းစစ်ကူမှုဖြင့် ဆီးရီးယားတပ်များနှင့် မဟာမိတ်တိုက်ခိုက်ရေးသမားများက စက်တင်ဘာမှစကာ ယင်းမြို့အရှေ့ပိုင်းကို စတင်ထိုးစစ်ဖွင့်လာခဲ့ခြင်းဖြစ်သည်။ အစိုးရ ထိန်းချုပ်ရာ ခရိုင်များအား အိုင်အက်စ်တို့က သုံးနှစ်ကြာ ထိန်းချုပ်ထားခြင်းကို စစ်ရေးဆင်ကာ ထိုးစစ်ချီမှုအတွင်း ယင်းမြို့အား ပြန်လည်သိမ်းပိုက်ခြင်းဖြစ်သည်။