အတိုက်အခံက သပိတ်မှောက်ထားသည့် ကင်ညာရွေးကောက်ပွဲတွင် ကင်ယတ်တာက ၉၈ ရာခိုင်နှုန်းဖြင့် အနိုင်ရ

အတိုက်အခံက သပိတ်မှောက်ထားသည့် ကင်ညာရွေးကောက်ပွဲတွင် ကင်ယတ်တာက ၉၈ ရာခိုင်နှုန်းဖြင့် အနိုင်ရ

နိုင်ရိုဘီ၊ အောက်တိုဘာ ၃၁ ။         ။ သဘောထားကွဲလွဲမှုများ ကြီးမားနေသော ကင်ညာရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ကင်ယတ်တာက မဲ ၉၈ ရာခိုင်နှုန်း ရရှှိကာ အနိုင်ရကြောင်း အောက်တိုဘာ ၃၀ ရက်က ကြေညာသည်။

အတိုက်အခံများ၏ အမာခံမြေတွင် ဆူပူအကြမ်းဖက်မှုများ ထပ်ဖြစ်လာမည် စိုးရိမ်မှုများကြား ယခုထပ်မံကျင်းပသော ရွေးကောက်ပွဲတွင် ကင်ယတ်တာ၏ အဓိကပြိုင်ဖက်ဖြစ်သူ ရိုင်လာအိုဒင်ဂါက သပိတ်မှောက်နုတ်ထွက်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။

သြဂုတ်လအတွင်းက ကျင်းပခဲ့သည့် ကင်ယတ်တာပဲ အနိုင်ရခဲ့သော ရွေးကောက်ပွဲကို ဖွဲ့စည်းပုံနှင့် ညီညွတ်မှု မရှှှိဆိုကာ တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီး ထပ်မံရွေးကောက်ပွဲ ကျင်းပစေသောလည်း ၄င်း၏ အောင်နိုင်မှုကို မချေဖျက်နိုင်ဟု ကင်ယတ်တာက ကြွေးကြော်သည်။

မဲပေးသူ ၃၈ ရာခိုင်နှုန်းကျော်မျှသာ ရှိခဲ့သော ယခုရွေးကောက်ပွဲ၏ အနိုင်ရမှုကို တရားဥပဒေဖြစ်မှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်နေကြသော စောင့်ကြည့်သူများကိုလည်း ကင်ယတ်တာက ရှုတ်ချလိုက်သည်။

“မဲပေးသူတွေရဲ့ ရွေးကောက်ပွဲ လိုအင်ကို မချေဖျက်နိုင်ပါဘူး။”ဟု အနိုင်ရမိန့်ခွန်းတွင် ကင်ယတ်တာက ပြောခဲ့သည်။

သို့သော် ၄င်း၏ အနိုင်ရလဒ်ကို “တရားခုံရုံးကတစ်ဆင့် ဖွဲ့စည်းပုံနဲ့ ညီမညီ သုံးသပ်ဖို့ ထပ်ပြီး တင်ပြရဖွယ် ရှိပါတယ်။ ရလဒ်ဘယ်လိုပဲ ထွက်လာလာ ဒီလို တရားရုံးတင်ပြရမှာကို ကျွန်တော်အနေနဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်။”ဟု ကင်ယတ်တာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly