ဂါဇာဒေသမှ ဥမင်လှိုဏ်ခေါင်းတစ်ခုကို အစ္စရေးတို့ဖောက်ခွဲခဲ့သောကြောင့် ပါလက်စတိုင်း ရ ဦးသေဆုံး

ဂါဇာဒေသမှ ဥမင်လှိုဏ်ခေါင်းတစ်ခုကို အစ္စရေးတို့ဖောက်ခွဲခဲ့သောကြောင့် ပါလက်စတိုင်း ရ ဦးသေဆုံး

ဂါဇာစီးတီး၊ ပါလက်စတိုင်းနယ်မြေ၊ အောက်တိုဘာ ၃၁ ။         ။ ဂါဇာကမ်းမြှောင်ဒေသမှ ဥမင်လှိုဏ်ခေါင်းတစ်ခုသည် ၄င်းတို့၏ပိုင်နက်နယ်မြေအတွင်းထဲသို့ ၀င်ရောက်နေ သည်ဟုဆိုကာ အစ္စရေးတို့ဘက်မှ တနင်္လာနေ့က ဖောက်ခွဲခဲ့သောကြောင့် ပါလက်စတိုင်းလူမျိုး ရ ဦးခန့် သေဆုံးခဲ့သည်။

ဟားမက်စ်တို့ဦးဆောင်သည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ်အယ်ကပ်ဒ်ရာ က အစ္စရေးတို့၏လုပ်ရပ်ကြောင့် အမျိုးသား ရဦးသေဆုံးခဲ့ပြီး ၁၂ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

သေဆုံးသူများထဲမှနှစ်ဦးမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့မှဖြစ်ပြီး ကျန်ငါးဦးမှာ ဟားမက်စ်တို့နှင့်မဟာမိတ်ဖြစ် သော စစ်သွေးကြွအုပ်စု အစ္စလာမ်မစ်ဂျီဟတ်မှဖြစ်ကြောင်း နှစ်ဖွဲ့စလုံးမှ အတည်ပြုပေးခဲ့သည်။

အကြမ်းဖက်သမားများဝင်ရောက်လာနိုင်သည့် အဆိုပါဥမင်လှိုဏ်ခေါင်းသည် အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဦးတည်နေကြောင်း အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ကွန်ရီကတ်စ်က သတင်းထောက်များကို ပြောကြားခဲ့အပြီးတွင် ယခုလိုအသေအပျောက်စာရင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။

“အစ္စရေးတို့ဘက်ကနေ လုံခြံုရေးခြံစည်းရိုးအနီးမှာရှိတဲ့ အဆိုပါဥမင်လှိုဏ်ခေါင်းကို ဖောက်ခွဲပစ်လိုက်ပါတယ်” ဟု သူက သတင်းထောက်များကို ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ်က နောက်ဆုံးဖြစ်ပွားခဲ့သော အစ္စရေးတို့နှင့်စစ်ပွဲအတွင်း ဂါဇာဒေသမှအစ္စလာမ်မစ် အုပ်ချုပ်သူများဖြစ်ကြသည့် ဟားမက်စ်တို့ ဖောက်လုပ်ခဲ့သော ဥမင်လှိုဏ်ခေါင်းများသည် အဓိကပြသနာ တစ်ရပ်ဖြစ်ခဲ့သည်။ သို့သော်လည်း အစ္စရေးပိုင်နက်အတွင်းထိ ရောက်ရှိသောဥမင်များမှာ အလွန်ရှားပါးသည်။

ထိုလုပ်ရပ်သည် ပါလက်စတိုင်းပြည်သူများကို ဆန့်ကျင်သည့် အန္တရာယ်များသော လုပ်ရပ်ဖြစ်ကြောင်း ဟားမက်စ်တို့က တနင်္လာနေ့တွင် ပြောခဲ့သည်။

အစ္စရေးစစ်တပ်အနေဖြင့် ရှေ့ဆက်ပြီး အခြေအနေများတင်းမာလာအောင် လုပ်ဆောင်သွားဖို့မရှိကြောင်း ကွန်ရီကတ်စ်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly