အဲဗာတန်အသင်း တန်းမဆင်းရရန်ရုန်းကန်နေရပြီဟု ယာယီနည်းပြဝန်ခံ

အဲဗာတန်အသင်း တန်းမဆင်းရရန်ရုန်းကန်နေရပြီဟု ယာယီနည်းပြဝန်ခံ

အောက်တိုဘာ ၃၀၊ လီဗာပူးလ်။             ။ လက်စတာအသင်းကိုရှုံးခဲ့ပြီးနောက် အဲဗာတန်အသင်းတန်းမဆင်းရရန် ရုန်းကန်နေရပြီဟု ယာယီနည်းပြ ဒေးဗစ် အန်ဆော့က ဝန်ခံပြောဆိုခဲ့သည်။

ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန်တွင် နှစ်ပွဲသာအနိုင်ရထားသည့် အဲဗာတန်အသင်း၏ တိုက်စစ်အားနည်းမှုမှာ လက်စတာနှင့် ပွဲတွင်လည်း ဆက်လက်ပေါ်လွင်ခဲ့သည်။

အဲဗာတန်အသင်းပိုင်ရှင်များက နည်းပြသစ်အဖြစ်စာချုပ်လိမ့်မည်ဟုယုံကြည်နေသည့် အန်ဆော့က အသင်း၏ ပထမပိုင်း ပွဲကစားပုံအပေါ်စိတ်ပျက်လျှက်ရှိသည်။

“ရိုးရိုးသားပြောရရင် ကျွန်တော်တို့ရောက်နေတဲ့နေရာမှာ အခုလိုပဲကစားနေဦးမယ်ဆိုရင် တန်းမဆင်းရဖို့ ရုန်းကန်ရပါလိမ့်မယ်။ ခြေမမှန်ရင် နှစ်ပွဲဆက်နိုင်လည်း အလကားပါပဲ။

ဒါပေမဲ့ ဒါကျွန်တော့်အလုပ်ပါ။ အသင်းလိုက်ယုံကြည်မှုပြန်ရဖို့အတွက် ကြိုးစားသွားမှာပါ။ လာမယ့်တစ်ပတ်မှာ တွေ့မယ့် ဝက်ဖို့ဒ်နဲ့ပွဲကတော့ တကယ်ပွဲကြီးပွဲကောင်းပါပဲ။ အနိုင်သုံးမှတ်ရဖို့ ကစားသွားမှာပါ”ဟု အန်ဆော့က ဆိုသည်။

သွင်းဂိုး ရ ဂိုးသာရထားသည့် အဲဗာတန်အသင်းသည် လက်ရှိတွင်ရမှတ် ၈ မှတ်သာရထားပြီး အမှတ်ပေးဇယားအဆင့် ၁၈ နေရာတွင် ရပ်တည်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly