အောက်တိုဘာလ ၂၆ ။ ။ ဒီမိုကရေစီနှင့် ကိုက်ညီသော တပ်မတော်ဖြစ်ရေးအတွက် Standard Army အဖြစ်တည်ဆောက်နေမှု အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြောကြားလိုက် သည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallian အား လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ တပ်မတော်အနေဖြင့်လည်း ကလေးစစ်သားပပျောက်ရေး အပါအဝင် ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်နေမှုကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ကိုက်ညီသော တပ်မတော်ဖြစ်ရေးအတွက် Standard Army အဖြစ်တည်ဆောက်နေမှု အခြေအနေများ” အား ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့်အတူ ပူးပေါင်းဆောင်ရွက်နေ ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြ သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး