အဆိုတော်နှင့်မင်းသားဖြစ်သူ Rain နှင့် ကင်မ်တေးဟီးတို့သည် သမီးဦးလေးတစ်ဦး ရရှိခဲ့ပြီဖြစ်သည်။
အောက်တိုဘာလ ၂၅ရက်နေ့တွင် Rain သည် ရင်သွေးလေးတစ်ဦး ရရှိခဲ့ပြီဆိုသည့် သတင်းကောင်းတစ်ခုကို သူ၏အင်စတာဂရမ်မှတဆင့် ကြေညာခဲ့သည်။
Rain က “ကျေးဇူးတင်ပါတယ်။ သူမဟာတကယ့်ကိုလှပတဲ့ မင်းသမီးလေးတစ်ပါးပါပဲ။ ကမ္ဘာကြီးကို အကူအညီ ပေးနိုင်တဲ့ ရင်သွေးလေးတစ်ဦးဖြစ်အောင် သူမကို ကျနော်တို့ကောင်းမွန်စွာ ပြုစုပျိုးထောင်သွားမှာပါ။ ဘုရား သခင် ကောင်းချီးပေးပါစေ” ဟု သူ၏အင်စတာဂရမ်၌ ရေးသားခဲ့သည်။
တောင်ကိုရီးယား၏ နာမည်ကျော်အနုပညာရှင်များဖြစ်ကြသော Rain နှင့် ကင်မ်တေးဟီးတို့သည် လွန်ခဲ့သော ဇန်နဝါရီလက လက်ထပ်ထိမ်းမြားခဲ့ပြီး ကိုယ်ဝန်လွယ်ထားရပြီဆိုသော သတင်းကို ပြီးခဲ့သောမေလက ကြေညာခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် ပရိသတ်အများအပြားက Rain နှင့် ကင်မ်တေးဟီးတို့၏ မိသားစုလေးအတွက် ဆုမွန်ကောင်း တောင်းပေးလျက်ရှိသည်။