ရုရှအစိုးရ အသံတိတ်နေသည့် ဘော်ရှီဗစ်တော်လှန်ရေး ရာပြည့်ကျင်းပရန် ကွန်မြူနစ်ပါတီ လူစုရုံး

ရုရှအစိုးရ အသံတိတ်နေသည့် ဘော်ရှီဗစ်တော်လှန်ရေး ရာပြည့်ကျင်းပရန် ကွန်မြူနစ်ပါတီ လူစုရုံး

 

မော်စကို၊ အောက်တိုဘာ ၂၄ ။                 ။ ၁၉၁၇ ဘော်ရှီဗစ်တော်လှန်ရေး နှစ် ၁၀၀ ပြည့်နှင့် ပတ်သက်ပြီး ရုရှအစိုးရ၏ တော်တော်များများ အသံတိတ်နေခြင်းကို ဆန့်ကျင်ပြီး ကွန်မြူနစ်ပါတီက လူထုစုရုံးရန် ဆော်သြမှုများ အောက်တိုဘာ ၂၃ ရက်တွင် လုပ်ဆောင်သည်။

ရုရှနိုင်ငံအနေဖြင့် လီနင်ဦးဆောင်သော ၁၉၁၇ ဘော်ရှီဗစ်တော်လှန်ရေး အတိတ်သမိုင်းနှင့် ဆိုဗီယက်ယူနီယံအရေး ပြင်းထန်သော ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်စေခြင်းတို့ကြောင့် ယင်းနေ့နှင့် ပတ်သက်ကာ အကျပ်အတည်း ရှိနေဆဲဖြစ်သည်။

“ရာပြည့်အထိမ်းအမှတ် ကျင်းပခြင်းဟာ လီနင်ရဲ့ ကြီးကျယ်မှုကို ဂုဏ်ပြုဖို့ လိုအပ်သလို ကျွန်တော်တို့ တော်လှန်ရေးရဲ့ ကြီးမြတ်မှုကိုလည်း ဂုဏ်ယူဖို့ပဲ ဖြစ်တယ်။ ဒီတော်လှန်ရေးကြီးက ကမ္ဘာအတွက် ခေတ်သစ် ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်။”ဟု ကွန်မြူနစ်ပါတီကို ၁၉၉၃ ခုနှစ်ကတည်းက ဦးဆောင်ခဲ့သူ Gennadyy Zyuganov က သတင်းထောက်များအား ပြောသည်။

၁၉၁၇ တော်လှန်ရေးကြီးတွင် ပထမဆုံး သေနတ်ပစ်ဖောက်ခံရသည့် နေရာဖြစ်သော စိန့်ပီတာစဘတ်ရှိ စစ်သင်္ဘော Aurora ဝန်းကျင်နားနှင့် ဘော်ရှီဗစ် ပထမဆုံးရုံးချုပ်အဖြစ် လီနင်ရွေးချယ်ခဲ့သော Smolny Institute အဆောက်အအုံတို့တွင် လူသူစုရုံးရန် ပါတီက စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ကမ္ဘာတစ်လွှားက ဆိုရှယ်လစ် ကိုယ်စားလှယ်များနှင့်အတူ မော်စကိုတွင် စီတန်းလှည့်လည်ရန်လည်း အစီအစဉ်ရှိသည်။

ဘော်ရှီဗစ် တော်လှန်ရေး ရာပြည့်နှင့် ပတ်သက်ပြီး သမ္မတ ပူတင်က မှတ်ချက်တစ်စုံတစ်ရာပေးသည်ဟု မကြားရသကဲ့သို့ အစိုးရကလည်း ရာပြည့်အခမ်းအနားအား မည်သို့ ပြုလုပ်မည် ပြောဆိုမှု မရှိသေးပေ။

ပူတင်ကာ ၎င်းကိုယ်ကို တည်ငြိမ်အေးချမ်းရေးကို အာမခံပေးနိုင်သူအဖြစ် ပုံသွင်းနေသူဖြစ်သော်လည်း ဆိုဗီယက် အမွေကို ရှုတ်ချလိုချင်လည်း မရှိသူဖြစ်ရာ တော်လှန်ရေး နှစ်ပတ်လည်က ၎င်းအတွက် မသက်မသာ ဖြစ်စေကြောင်း ဝေဖန်သူများက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly