အောက်တိုဘာ ၁၂၊ အင်္ဂလန် ။ ။ ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က လီဗာပူးလ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူရန် ကြိုးပမ်းခဲ့ရာ အောင်မြင်မှုမရခဲ့သော်လည်း ယခုဆောင်းရာသီအပြောင်းအရွှေ့တွင် ခေါ်ယူနိုင်ရန် ထပ်မံကြိုးပမ်းလာခဲ့သည်။
ကော်တင်ဟိုကို ဘာစီလိုနာအသင်းက အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပြီး နောက်ဆုံးပေါင်သန်း ၁၃၀ ပေးသည်အထိ လီဗာပူးလ်က ရောင်းချရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လီဗာပူးလ်က ကော်တင်ဟိုအတွက် ပေါင်သန်း ၁၈၀ တောင်းဆိုထားသည်။
ဘာစီလိုနာအသင်း၏ဒါရိုက်တာ ဆိုလာကလီဗာပူးလ်၏တောင်းဆိုမှုမှာ များပြားကြောင်းနှင့် အသင်းအတွက် အခက်အခဲ ဖြစ်လာနိုင်လျှင် စွန့်စားခေါ်ယူမည် မဟုတ်ကြောင်း ဆိုသည်။
သို့သော် ဘာစီလိုနာအသင်း၏စီအီးအို အော်စကာဂရက်ကတော့ ကော်တင်ဟိုကို ခေါ်ယူမည်ဟု အတည်ပြုထားသည်။
“ဆောင်းရာသီအပြောင်းအရွှေ့မှာ ကော်တင်ဟိုကိုခေါ်ဖို့ ကျွန်တော်တို့ကတော့ အဆင်သင့်ပါပဲ။ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြတွေက တောင်းဆိုလို့ပါ” ဟု အော်စကာဂရက်က ဆိုသည်။
ရည်ညွှန်း thesun