မြေထဲပင်လယ်အတွင်း လူအပြည့်အသိပ်ဖြင့် နိုင်ငံဖြတ်ကျော်ဝင်ရောက်ရန် ရွှေ့ပြောင်းသူများလှေပေါ်တွင် လူပေါင်း ၄၀ သေဆုံးလျက်ရှိသည်ကို သြဂုတ် ၁၆ရက်က တွ့ရှိခဲ့ရကြောင်း အီတလီရေတပ်က ပြောသည်။
လစ်ဗျားကမ်းလွန်တွင် ယင်းလှေကို ကြားဖြတ်ဟန့်တားဖမ်းဆီးရာ လူ ၃၂၀ ခန့်ကိုမူ ကယ်ဆယ်ခဲ့ရသည်။
သေဆုံးအလောင်းများကို ယင်းငါးဖမ်းလှေ၏ ဝမ်းဗိုက်အတွင်း တွေ့ရှိခြင်းဖြစ်သည်။ ၎င်းတို့သည် လူပြည့်ကြပ်နေသည့် လှေ၏ စက်အင်ဂျင်မှ ထွက်ရှိသော မှိုင်းငွေ့များကို ရှုနေမိကာ ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးသင်္ဘောမှ ကပ္ပတိန်က ပြောသည်။
ယခုနှစ်အတွင်း ရွှေ့ပြောင်းဝင်ရောက်ရန် လှေဖြင့်ပင်လယ်ဖြတ်လာသူပေါင်း နှစ်သိန်းခွဲနီးပါးရှိကာ ယင်းပြဿနာသည် အလျင်အမြန်ဖြေရှင်းရမည့် ပြဿနာဖြစ်ကြောင်း ဥရောပတာဝန်ရှိသူများက ပြောသည်။
ဥရောပသို့ ယင်းသို့ရွှေ့ပြောင်းဝင်ရောက်လာသူများတွင် သေဆုံးသူပေါင်းမှာ ၂၀၀၀ ကျော်ထက်မနည်း ရှိသွားပြီဖြစ်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
Ref: BBC