“1 Billion Tourists, 1 Billion Opportunities” ကို အကောင်းဆုံး မြန်မာမှုပြုနိုင်သူ ဆုချီးမြှင့်မည်

“1 Billion Tourists, 1 Billion Opportunities” ကို အကောင်းဆုံး မြန်မာမှုပြုနိုင်သူ ဆုချီးမြှင့်မည်

မဇ္ဈိမ၊ သြဂုတ် ၁၅ ။          ။ ၂၀၁၅ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ချမှတ်ထားသော ဆောင်ပုဒ်ဖြစ်သည့် “1 Billion Tourists, 1 Billion Opportunities" ကို ဆီလျော်သောမြန်မာဆောင် ပုဒ်အဖြစ်  အကောင်းဆုံး ဘာသာပြန်ပေးနိုင်သူအား အမှတ်တရဆု ချီးမြှင့်ပေးမည်ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ -၂၀၁၅ အခမ်းအနားတွင် ဖော်ပြပါ ဆောင်ပုဒ်ကို မြန်မာဘာသာဖြင့် ဖော်ပြအသုံးပြုရန်ဖြစ်သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) သည် စက်တင်ဘာလ (၂၇) ရက်နေ့အား ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံအသီးသီး၌ ခရီးသွားလုပ်ငန်းဆိုင်ရာ ဂုဏ်ပြု အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသည်။

ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဘာသာပြန်ဆိုထားမှုများအား ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ရုံး အမှတ် (၃၃)၊ နေပြည်တော်သို့ဖြစ်စေ၊ Email လိပ်စာ [email protected] နှင့်  [email protected] များသို့ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန်လိပ်စာတို့ ဖြည့်စွက်၍ သြဂုတ်လ (၂၇) ရက်နေ့ နောက်ဆုံးပေးပို့ ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly