တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီအသင်းမှ အက်သလက်တီကိုအသင်းသို့ အပြီးသတ်ပြန်လည် ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
နှစ်ဘက်ကလပ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က အပြောင်းအရွှေ့ဆိုင်ရာ အချက်အလက်များ သဘောတူညီခဲ့ပြီး အသက် ၂၈ နှစ်အရွယ် စပိန်ကစားသမားဟာ တနင်္လာနေ့မှာ စစ်ဆေးမှု အောင်မြင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကစားသမားဟာ ဇန်နဝါရီ ၁ ရက်နေ့အထိ အက်လလက်တီကိုအသင်းအတွက် ကစားပေးဖို့ မှတ်ပုံတင်ခွင့် ရရှိသေးမှာ မဟုတ်ဘဲ အသင်းရဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံရမှု လွန်မြောက်ချိန်မှသာ ကစားနိုင်မှာဖြစ်ပါတယ်။
ကော်စတာဟာ ၂၀၁၄ ခုနှစ်က အက်သလက်တီကိုမှ ထွက်ခွာခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ရောက်ရှိခဲ့ချိန်မှစလို့ အသင်းအတွက် ပွဲ ၁၂၀ မှာ ၅၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။
သူဟာ ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား နှစ်လုံးနှင့် လိဂ်ဖလား တစ်လုံး ဆွတ်ခူးနိုင်ခဲ့ပေမယ့် ယခုနှစ်နွေရာသီတစ်လျောက်လုံး စတန့်ဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာပြီး ပြင်ပမှာ ရှိနေခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ ကော်စတာဟာ ဇွန်လက ၂၀၁၈ ရုရှားကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့် မက်ဆီဒိုးနီးယားနှင့် ပွဲအပြီးနောက်ပိုင်း ၉၈ ရက်ကြာအထိ ပွဲကစားမထားပါဘူး။
ကော်စတာဟာ နည်းပြ ကွန်တီနှင့် ပြဿနာဖြစ်ပွားပြီးကတည်းက ချယ်လ်ဆီးအသင်းမှာ လုံးဝပြန်ကစားလိုခြင်း မရှိတော့ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားခဲ့သလို အသင်းပြောင်းရွှေ့ခွင့်ပြုရန်လည်း တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီအစောပိုင်းက ချယ်လ်ဆီးနည်းပြ ကွန်တီက ကော်စတာဟာ အနာဂတ် အင်္ဂလန်ကလပ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမှ မဟုတ်တော့ဘဲ အသင်းတစ်သင်းကို ရှာဖွေသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကော်စတာဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း စုစုပေါင်း ၂၃၁ ပွဲကစားပြီး ၁၂၂ ဂိုး သွင်းယူခဲ့ပါတယ်။
Ref; BBC