သြဂုတ် ၁၄၊ အင်္ဂလန် ။ ။ အင်္ဂလန်လိဂ်ဖလား (ကက်ပီတယ်ဝမ်းဖလား) ဒုတိယအဆင့် ပွဲစဉ်များထွက်ပေါ်လာပြီ ဖြစ်သည်။ ထိုဒုတိယအဆင့် ပွဲစဉ်များတွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၇ သင်းမှ လွဲ၍ ကျန်အသင်းများအားလုံး ပါဝင်လာပြီ ဖြစ်သည်။
ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၇ သင်းမှာ မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ဆောက်သမ်တန်နှင့် ဝက်စ်ဟမ်းအသင်းတို့ဖြစ်သည်။ ချယ်လ်ဆီးနှင့် ထိုအသင်းကြီး ၇ သင်းသည် တတိယအဆင့်ပွဲစဉ်များမှ စတင်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ကက်ပီတယ်ဝမ်းဖလားဒုတိယအဆင့် ပွဲစဉ်ပေါင်းမှာ ၂၄ ပွဲဖြစ်ပြီး ထိုပွဲစဉ်များကို သြဂုတ်လ ၂၄ ရက်နေ့တွင် ကစားမည် ဖြစ်သည်။
ကက်ပီတယ်ဝမ်းဖလား ဒုတိယအဆင့် ပွဲစဉ်များမှ ပရီးမီးယားလိဂ်အသင်းများ၏ ပွဲစဉ်များ
ဗီလာ - နော့ကောင်တီ
ခရစ္စတယ်ပဲလေ့စ် - ရှရှုးဘူရီ
ဟက်တာပူးလ် - ဘုန်းမောက်
ဆန်းဒါးလန်း - အိတ်စတာစီးတီး
ဘူရီ - လက်စတာ
ဆွမ်ဆီး - ယော့ခ်စီးတီး
ဘန်စလေ - အဲဗာတန်
နယူးကာဆယ် - နော်သမ်တန်
ဝက်စ်ဘရွန်း - ပေါ့ဗယ်လီ
လူတန် - စတုခ်စီးတီး
ပရက်စတန် - ဝက်ဖို့ဒ်
ရော်သာဟမ် - နောဝှစ်ချ်
Ref: BBC