ဒါကတော့ ရက်သားပဲရှိတဲ့ အပင်ငယ်လေးတွေပဲ ဖြစ်ပါတယ်။
၁၅ ရက်လောက်ကြာလာရင်တော့ အမြစ်တွေထွက်လာမှာပါ။ အဲဒီအချိန်မှာတော့ ပုလဲအနည်းကျွေးပေးရမှာ ဖြစ်ပါတယ်။ နောက်ထပ်၂၀ ရက်ခန့်ကြာလာရင်တော့ အာမိုအနက်ကျားနဲ့ ပုလဲကိုစပ်ပြီး ထပ်ကျွေးပေးရမှာ ဖြစ်ပါတယ်။
၁လခွဲသားလောက် သက်တမ်းရှိလာပြီဆိုရင်တော့ ခေါင်ညွှန့်တွေကို နှိမ်ပေးရမှာဖြစ်ပါတယ်။ ဒါမှအပင်ကနေ အတက်များ ထွက်လာမှာဖြစ်ပါတယ်။
၂ လဝန်းကျင်ရှိပြီ ဆိုရင်တော့ ကိုင်းတက်လေးတွေဟာ အတော်အသင့် ထွက်လာပြီပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ မှိုဆေးတွေကို သုံးပေးရမှာဖြစ်ပါတယ်။
အပိုင်း(၁) အား ကြည့်ရန်-http://www.mizzimaburmese.com/article/32281
အပိုင်း(၃ ) အားကြည့်ရန်-http://www.mizzimaburmese.com/article/32522