စက်တင်ဘာ ၂၁၊ မန်ချက်စတာ။ ။ အင်္ဂလိပ်ကလပ်တွေအနေနဲ့ ကာရာဘာအိုဖလားပြိုင်ပွဲမကစားရဘူးဆိုရင် ဥရောပပြိုင်ပွဲမှာ အကျိုးရှိနိုင်တယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။
မန်ယူနည်းပြဟာ ပွဲထွက်လူစာရင်းကို ကိုးဦးထိအပြောင်းအလဲလုပ်ခဲ့ပေမယ့် လက်ရှိချန်ပီယံအသင်းအနေနဲ့ အင်အားတောင့် တင်းနေဆဲဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ဘာတန်ကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
မော်ရင်ဟိုက “ဒီပြိုင်ပွဲမရှိရင် အင်္ဂလိပ်ဘောလုံးအသင်းတွေအကျိုးရှိမလားလို့မေးလာခဲ့ရင် အကျိုးရှိနိုင်တယ်လို့ ပြန်ဖြေချင်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ ဥရောပပြိုင်ပွဲတွေအတွက် အားပြည့်လန်းဆန်းနေနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆောက်သမ်တန်အသင်းကို အနိုင်ရပြီး ဒီဖလားကို ငါးကြိမ်မြောက်အဖြစ်ရရှိခဲ့ပါတယ်။ နည်းပြဘဝမှာ ဒီဖလားကိုလေးကြိမ်ရထားတဲ့မော်ရင်ဟိုက ဒီနှစ်မှာလည်း ထပ်မံရယူချင်နေပါတယ်။
ဘာတန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ လူစာရင်းအပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် လက်ရွေးစင်အဆင့်ကစားသမား ၁၁ ယောက်ပါဝင်ခဲ့ပြီး အသင်းခေါင်းဆောင်နဲ့ အင်္ဂလန်ကွင်းလယ်လူ မိုက်ကယ်ကာရစ်လည်း ဒီရာသီပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
Ref; BBC