စက်တင်ဘာ ၁၉၊ အင်္ဂလန် ။ ။ ပြည်တွင်းရှုံးထွက်ဖလားများထက် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ကိုသာ အာရုံစိုက်ရန် စပါးအသင်းသားများကို နည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။
စပါးအသင်းပရိသတ်များအတွက် ရှုံးထွက်ဖလားများကို ရယူပေးလိုသော်လည်း အသင်း၏ အဓိက ရည်မှန်းချက်မှာ အဓိက ဆုဖလားပြိုင်ပွဲကြီးများတွင် အောင်မြင်ရန် ဖြစ်ကြောင်း ပိုချက်တီနိုက ဆိုသည်။
“ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့က စပါးအသင်းမှာ ရှိနေတဲ့ ဖိအားပါ။ ဒီဖလားနှစ်ခုက ကြီးမားတဲ့ ဆုဖလားတွေ ဖြစ်ပါတယ်။ စပါးပရိသတ်တွေအတွက် ရှုံးထွက်ဖလားတွေကို ရယူပေးချင်ပါတယ်။ ဒါပေမဲ့ စပါးအသင်းက အဓိကပြိုင်ပွဲကြီးတွေမှာ အောင်မြင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်နေတာပါ။
ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ကို မေ့လိုက်ရင် ကျွန်တော်တို့အတွက် ကြီးမားတဲ့ အမှားကြီးဖြစ်သွားပါလိမ့်မယ်။ အသင်းကြီးတွေအတွက် အောင်မြင်မှုဆုဖလားဆိုတာက ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ကို ပြောတာပါ။ အက်ဖ်အေဖလားကို ရရှိခဲ့ဖူးတဲ့ ဝီဂန်အသင်း အခုဘယ်မှာလဲ? သူတို့ အခု လိဂ် ၁ မှာပါ။ ဒါက ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာပါပဲ” ဟု ပိုချက်တီနိုက ပြောဆိုခဲ့သည်။
စပါးအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့် ၅ တွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်တွင် အုပ်စုအဖွင့်ပွဲ၌ ဒေါ့တ်မွန်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရထားသည်။
ရည်ညွှန်း ဒေးလီးမေးလ်