ဘာစီလိုနာသို့ ပြောင်းရွှေ့လိုခဲ့ကြောင်း ကော်တင်ဟို ၀န်ခံ

ဘာစီလိုနာသို့ ပြောင်းရွှေ့လိုခဲ့ကြောင်း ကော်တင်ဟို ၀န်ခံ

စက်တင်ဘာ ၁၇၊ အင်္ဂလန် ။          ။ လီဗာပူးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုက ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် အလိုရှိခဲ့ကြောင်း ဝန်ခံပြောဆိုလိုက်သည်။

သို့သော် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည့်အတွက် ယခုနှစ်ရာသီတွင် လီဗာပူးလ်အတွက် စွမ်းနိုင်သလောက် အကောင်းဆုံးပေးဆပ်သွားမည်ဟု ကော်တင်ဟိုက ဆိုသည်။ ကော်တင်ဟိုသည် ဘန်လေအသင်းနှင့် ၁ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် လီဗာပူးလ်အတွက် ပါဝင်ကစားခဲ့သည်။

"ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို အားလုံးသိကြပြီးသားပါ။ ကမ်းလှမ်းမှုတွေက ဘဝမှာ တစ်ခါတစ်လေ အရမ်းစိတ်ဝင်စားစရာကောင်းသလို တစ်ခါတစ်ရံမှာတော့ စိတ်ဝင်စားဖို့ မရှိပါဘူး။ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကိုတော့ ကျွန်တော်စိတ်ဝင်စားပါတယ်။ မိသားစုကလည်း အလွန်စိတ်ဝင်စားခဲ့ပါတယ်။

ထိပ်တန်းအသင်းကြီးဆီကနေ ကမ်းလှမ်းမှုရခဲ့တာက တကယ်ဂုဏ်ယူစရာကောင်းပါတယ်။ ဒါပေမဲ့ လီဗာပူးလ်မှာ ရှိနေရတာကလည်း ဂုဏ်ယူစရာပါပဲ။ လီဗာပူးလ်က ကမ္ဘာပေါ်မှာ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ကလပ်ပါ။ အခု ကျွန်တော်ဒီမှာ ရှိနေလို့ အကောင်းဆုံးပေးဆပ်ကစားသွားမှာပါ။ ကျွန်တော်အရင်က လုပ်ခဲ့တဲ့အတိုင်းပဲပေါ့ဗျာ" ဟု ကော်တင်ဟိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly