စက်တင်ဘာလ ၁၅ ။ ။ ၂၀၁၇-၁၈ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ အေစီမီလန်နဲ့ ဗီလာရီးယဲလ်အသင်းတို့ ဂိုးပြတ်အနိုင်ရခဲ့ကြပါတယ်။
အာဆင်နယ်အသင်းက ကိုလုံးအသင်းကို ၃ ဂိုး၊ ၁ ဂိုး၊ အေစီမီလန်အသင်းက သြစကြီးယားဝီယင်အသင်းကို အဝေးကွင်းမှာ ၅ ဂိုး၊ ၁ ဂိုး ဗီလာရီးယဲလ်အသင်းက အက်စ်တာနာကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ကြပါတယ်။
အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းအတွက် ဒီရာသီပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပြီး ကျန်သွင်းဂိုး ၂ ဂိုးကိုတော့ ကိုလာစီနက်နဲ့ ဘယ်လာရင်တို့က သွင်းယူပေးခဲ့ကြပါတယ်။
အေစီမီလန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူးသစ် အန်ဒရီဆေးလ်ဗားက ၃ ဂိုး၊ ချယ်ဟာနိုဂလူနဲ့ ဆူဆိုတို့က တစ်ဂိုးစီ သွင်းခဲ့ကြပါတယ်။
ဗီလာရီးယဲလ်အတွက် အနိုင်ဂိုးတွေကိုတော့ ဆန်ဆိုနီ၊ ဘာကမ်ဘူနဲ့ ချီရီချက်ဗ်တို့က သွင်းယူခဲ့ကြပါတယ်။
အခြားပွဲစဉ်တွေမှာတော့ နိုက်စ်၊ လာဇီယို၊ ဆိုစီဒက်၊ မာဆေးလ်၊ ဇင်းနစ်စတဲ့အသင်းကြီးတွေ အနိုင်ရခဲ့ကြပြီး အဲဗာတန်အသင်းကတော့ စီးရီးအေကလပ် အတ္တလန္တာကို အီတလီမြေမှာ ၃ ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့ရပါတယ်။
ယူရိုပါလိဂ်ပွဲစဉ်များ
---------------------
ဗီလာရီးယဲလ် ၃-၁ အက်စ်တာနာ
စပါတာပရပ် ၁-၀ မက္ကာဘီတဲလ်အဗစ်
ဒိုင်နမိုကိဗ် ၃-၁ ကော်စီ
ယန်းဘွိုင်းစ် ၁-၁ ပါတီဇန်
သြစတြီးယားဝီယင် ၁-၅ အေစီမီလန်
ရီဂျီကာ ၁-၂ အေအီးကေအေသင်
အတ္တလန္တာ ၃-၀ အဲဗာတန်
အပိုလွန် ၁-၁ လိုင်ယွန်
ဟော့ဖင်ဟိန်း ၁-၂ ဘရာဂါ
ဘာဆက်ဆီဟာ ဝ-၀ လူဒိုဂိုရက်စ်
ဇက်လင်း ဝ-၀ ရှီရစ်ဖ်
ကိုပင်ဟေဂင် ဝ-၀ လိုကိုမိုးတစ်မော်စကို
ဘီယာရှီဗာ ၂-၁ လူဂါနို
FCSB ၃-၀ ဗစ်တိုးရီးယားပယ်ဇန်
ဇော်ယာ ဝ-၂ အော်စတာဆန်း
ဟာသာဘာလင် ဝ-၀ ဘီလ်ဘာအို
ကာဗီနာ ၁-၁ ဘိုရီဆော့ဗ်
မာဆေးလ် ၁-၀ ကွန်ယာစပေါ
ဂွီမာရက်စ် ၁-၁ ဆဲလ်ဘာ့ဂ်
ဝါရီဂန် ၁-၅ နိုက်စ်
ဗီတက်စီ ၂-၃ လာဇီယို
ဗာဒါ ဝ-၅ ဇင်းနစ်
ဆိုစီဒက် ၄-၀ ရိုစင်ဘော့
အာဆင်နယ် ၃-၁ ကိုလုံး