စိုက်ပျိုးပြီး ၇ လအကြာမှာတော့ နနွင်းရွက်များဟာ ဝါလာပြီး နနွင်းတက်များကို တူးဖော်နိုင်မှာလဲ ဖြစ်ပါတယ်။
အပင်ခြေရဲ့ဘေးကနေ ထွက်နေတဲ့ အစွယ်ကိုတော့ အတက်လို့ခေါ်ပြီး အပင်ခြေကိုတော့ ခေါင်းလို့ ခေါ် ပါတယ်။
ခေါင်းကိုတော့ နောက်နှစ်ဆက်စိုက်ရန် သိမ်းထားပေးရမှာဖြစ်ပါတယ်။ အရိပ်ရတဲ့ နေရာတွေမှာမြေကျင်း တူးအခင်းခံပြီး နနွင်းခေါင်းတွေထည့်ပြီး အပေါ်ကမြေဖို့ ထားပေးရမှာဖြစ်ပြီး အစိုဓာတ်အသင့်အတင့် ရစေရန်ရေလောင်းပေးရမှာဖြစ်ပါတယ်။
နောက်နှစ်စိုက်ကာနီးမှ ပြန်ဖော်ပြီး စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ စားသုံးမယ့် နနွင်း တက်များကိုတော့ ရေနွေးနဲ့ပြုတ်ပြီး နေလှန်းအခြောက်ခံပြီးမှ စားသုံးကြတာပဲ ဖြစ်ပါတယ်။
နနွင်းပင်မှာ ကျရောက်တတ်တဲ့ ပိုးတွေကတော့ အစုံစားခူပိုး၊ ရွှက်လိပ်ပိုး၊ ဇာတောင်ကမ်းပိုးနဲ့ လှေးပိုးတို့ပဲဖြစ်ပါတယ်။
အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/31577