သပိတ်ကျင်းအနီး မိုးသည်းထန်စွာရွာပြီးနောက် လူနေအိမ်များမျောပါကာ လူတစ်ချို့ပျောက်ဆုံး

သပိတ်ကျင်းအနီး မိုးသည်းထန်စွာရွာပြီးနောက် လူနေအိမ်များမျောပါကာ လူတစ်ချို့ပျောက်ဆုံး
(ဓာတ်ပုံ၊နန်းအိအိစံ)

မန္တလေး ။        ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ကျောက်ဖြူ ၊ လိပ်ကျ ၊ ကမ်းပါးနီ၊ ငါးရာကွက်နှင့် လက်ပံပြန့်ကျေးရွာတို့ စက်တင်ဘာလ ၁၀ ရက်၊နံနက် ၂ နာရီက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းနှင့် တောင်ကျရေများကြောင့် လူနေအိမ်များမျောပါ ပျက်စီးခြင်းနှင့် လူတစ်ချို့ပျောက်ဆုံးနေကြောင်း သပိတ်ကျင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါ်နန်းအိအိစံက မဇ္ဈိမကို ပြောသည်။

"လက်ရှိ ရှာဖွေကယ်ဆယ်ခြင်းတွေနဲ့ အပျက်အစီး ရှင်းလင်းနေပါတယ်။ စာရင်းကတော့ ကောက်တုန်းပါပဲ"ဟု ဒေါ်နန်းအိအိစံက ပြောသည်။

ရှာဖွေကယ်ဆယ်ခြင်းနှင့် အပျက်အဆီးများ ရှင်းလင်းဖယ်ရှားခြင်းကို သပိတ်ကျင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ် ထွေ/အုပ်၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက   ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူဟုဆိုသူက "စာရင်းက ကောက်တုန်းပဲ။ ကောက်တုန်းဆိုတော့ အတိအကျမသိရဘူး။ ဖြစ်တဲ့နေရာအားလုံး ကောက်နေတယ် "ဟု စက်တင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီက ပြောသည်။

လတ်တလော ညနေ ၄ နာရီအထိ သပိတ်ကျင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပရဟိတအသင်းအချိူ့၏ ကောက်ခံထားသည့် စာရင်းအရ ရေထွက်ကျေးရွာတွင် နေအိမ် ၁၀ လုံးပျက်စီး၊ ရေမျောသွားသည့်အိမ် ၁၄လုံး၊ လူကူးတံတားတစ်စင်း။ ကျောက်ဖြူ တွင် နေအိမ် ၈လုံးရေမျော၊ နေအိမ် ၄၀ ပျက်စီး၊ ကမ်းပါနီတွင် နေအိမ် ၁၇လုံး ပျက်ဆီး၊ လိပ်ကျတွင် နေအိမ်မျော ၁ လုံး၊ နေအိမ်အပျက်အစီ ၁၂ လုံး၊ ငါးရာကွက်တွင် နေအိမ် ၂လုံးရေမျော၊ နေအိမ်အပျက်အဆီး ၄လုံးရှိပြီး ရွှေလုပ်သား ၂ ဦးအထက် ပျောက်ဆုံးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly