သမ္မတဦးသိန်းစိန်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်သလို တသီးပုဂ္ဂလအနေဖြင့်လည်း ဝင်ပြိုင်မည်မဟုတ်ဟု ကြံ့ခိုင်ရေးပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောဆိုလိုက်သည်။
လက်ရှိမဲဆန္ဒနယ်ဖြစ်သော ဇဗ္ဗူသီရိမြို့နယ်တွင် လက်ရှိ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်း ယှဉ်ပြိုင်ရန် သမ္မတဦးသိန်းစိန်ကိုယ်တိုင် အဆိုပြုခြင်းဖြစ်သည်ဟု ဦးမောင်မောင်သိမ်းက ပြောသည်။