သြဂုတ် ၁၂ ။ ။ မြန်မာနိုင်ငံတစ်ဝန်းလုံး ဇွန်လမှစတင်ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးမူ အများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန က ထုတ်ပြန်သည်။
ဖွန်လ ၂၄ ရက်မှ သြဂုတ်လ ၁၁ ရက်နေ့အထိ စာရင်းအရ သေဆုံးသူ စုစုပေါင်း ၁၀၃ ဦးရှိသည့် အနက် ရခိုင်ပြည်နယ်၌ သေဆုံးရသူ စုစုပေါင်း ၆၂ ဦးရှိနေသည်။ ဇွန်လ ၂၄ ရက်မှ ၂၈ ရက်နေ့ အထိ သေဆုံးသူ ၇ ဦး၌ ရခိုင်ပြည်နယ်မှ ၆ ဦးနှင့် ဧရာဝတီတိုင်း မှ ၁ဦး ပါဝင်သည်။ ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၁၁ ရက်နေ့ထိ တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် စုစုပေါင်း ၉၆ ဦးသေဆုံးခဲ့ရာ ရခိုင်ပြည်နယ်မှ ၅၆ ဦးထပ်မံပါဝင်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ၁၁ ဦးစီနှင့် ဒုတိယအများဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် ၉ ဦး၊ ချင်းပြည်နယ်တွင် ၄ ဦး၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် ၂ ဦးစီ၊ ကချင်ပြည်နယ်တွင် ၁ ဦး တို့ဖြစ်ကြ သည်။
သေဆုံးမှုထောက်ပံ့ကြေးငွေကျပ် ၈၈,၀၀၀,၀၀ ပေးပို့ထောက်ပံ့ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်နေ့တွင် စရင်းထုတ်ပြန်သည်။
ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီး ၃ ခုနှင့် ပြည်နယ် ၂ ခုတွင်လည်းကောင်း၊ ဇူလိုင် ၁၆ မှ သြဂုတ် ၁၁ ရက်ထိ တိုင်းဒေသကြီး ၆ ခုနှင့် ပြည်နယ် ၆ ခုတို့တွင်လည်းကောင်း သဘာဝဘေး အန္တရာယ်များ ကျရောက်ခဲ့ရာ ရေဘေးသင့် အိမ်ထောင်စု ၂,၅၇၅,၄၄ မှ လူဦးရေ ၁၁,၅၂၈,၇၉ ဦးရေဘေးသင့်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည်။
ဆန်ရိက္ခာ၊ အရေးပေါ်အစားအစာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် သေဆုံးသူများ အတွက် ထောက်ပံ့ငွေအပါအဝင် စုစုပေါင်း ငွေကျပ် ၅၁၀၇,၃၅၁,၉၆ ကျကုန်ခဲ့သည်ဟု သိရသည်။