မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး လှူးဒါန်းမှုအဖြစ် ကန်ဒေါ်လာ ၄.၆ ဘီလီယံကို ပရဟိတလုပ်ငန်းဆီ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
သူဟာ မိုက်ခရိုဆော့ဖ်ထဲမှ ရှယ်ယာ ၆၄ သန်းကို လှူဒါန်းပြီးဖြစ်ပေမယ့် ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
အဆိုပါရှယ်ယာတွေဟာ သူ့ရဲ့ စုစုပေါင်း ချမ်းသာကြွယ်ဝမှုရဲ့ ၅ ရာခိုင်နှုန်းသာရှိပြီး လက်ရှိ သူပိုင်ဆိုင်မှုက ဒေါ်လာ ၈၉.၉ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။
၁၉၉၄ နောက်ပိုင်း အသက် ၆၁ နှစ်ရှိ ဘီလ်ဂိတ်နှင့် သူ့ဇနီး မယ်လင်ဒါတို့ဟာ ပရဟိတလလုပ်ငန်းတွေကို ငွေသားနှင့် ရှယ်ယာ စုစုပေါင်း ဒေါ်လာ ၃၅ ဘီလီယံ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
အခုတစ်ကြိမ်လှူဒါန်းမှုကို ဇွန်လက လုပ်ခဲ့တာဖြစ်ပေမယ့် တနင်္လာနေ့က အမေရိကန် အာမခံနှင့် အိတ်ချိန်းကော်မရှင်ဆီ စာရွက်စာတ်မ်း တင်ပို့ချိန်မှ လူသိရှင်ကြားဖြစ်ခဲ့တာပါ။
မိုက်ခရိုဆော့ဖ်မှာ ဘီလ်ဂိတ်ရဲ့ ရှယ်ယာဟာ အခုဆိုရင် ၁.၃ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ဒီမတိုင်ခင်က ဂိတ်ဟာ ၁၉၉၉ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ရှယ်ယာ ၁၆ ဘီလီယံနှင့် ၂၀၀၀ ခုနှစ်မှာ ဒေါ်လာ ၅.၁ သန်း လှူဒါန်းခဲ့ဖူးပါတယ်။
အရင်လှူဒါန်းမှုအားလုံးဟာ ကမ္ဘာ့ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကူးဆက်ရောဂါတားဆီးရေးနှင့် ကွန်ပျူတာကို ကမ္ဘာတလွှား လူတိုင်း အသုံးပြုနို်င်ရေးတို့အတွက် ရည်ရွယ်ကာ Bill & Melinda Gates ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒီနောက်ဆုံးတစ်ကြိမ် လှူဒါန်းမှုကို ဘယ်သူ့က လက်ခံရရှိတယ်ဆိုတာ မသိရသေးပေမယ့် ဖက်ဒရယ်စာရွက်စာတမ်းတွေနဲ့ တင်ပြထားခြင်းက ပိုက်ဆံတွေကို ဖောင်ဒေးရှ်းတစ်ခုခုဆီ ပေးလှူတာဖြစ်နိုင်တယ်လို့ Chronicle of Philanthropy က ဖော်ပြထားပါတယ်။
၂၀၁၀ ခုနှစ်မှာ ဂိတ်ဇနီးမောင်နှံနှင့် နာမည်ကျော် ရင်းနှီးမြှုပ်နှံသူ ဝါရင်ဘတ်ဖက်တ်တို့ဟာ Giving Pledge ကို တည်ထောင်ခဲ့ပြီစ ၂၀၁၇ မေလအထိ မိမိတို့ရဲ့ ပိုက်ဆိုင်ကြွယ်ဝမှုထဲကနေ အနည်းဆုံး ထက်ဝက်ကို ပရဟိတလုပ်ငန်းတွေဆီ ပေးလှူဖို့ လူတစ်ဦးချင်းစီ သို့မဟုတ စုံတွဲ ၁၅၈ ဦးက သဘောတူခဲ့ပါတယ်။
ဘီလ်ဂိတ်ရဲ့ ဒီနောက်ဆုံးလှူဒါန်းမှုဟာ ဒီနှစ် ကမ္ဘာပေါ်မှာ အများဆုံးလှူဒါန်းမှုပမာဏဖြစ်ပါတယ်။
ဒုတိယ အကြီးမားဆုံးလှူဒါန်းမှုကို ဝါရင်ဘတ်ဖက်တ်က ပေးလှူခဲ့တာဖြစ်ပြီး ဒေါ်လာ ၃.၂ ဘီလီယံနီးပါးကို Bill & Melinda Gates ဖောင်ဒေးရှင်းဆီ ပြီးခဲ့လက လှူဒါန်းခဲ့ပါတယ်။
တတိယ အကြီးမားဆုံး လှူးဒါန်းမှုကတော့ Dell ကွန်ပျူတာကော်ပိုရေးရှင်းကို တည်ထောင်သူ မိုက်ကယ်ဒဲလ်နှင့် သူ့ဇနီး ဆူဆန်တို့ထံမှဖြစ်ပါတယ်။ ဒီစုံတွဲဟာ ဒေါ်လာ ၁ ဘီလီယံကျော်ကို သူတို့ရဲ့ ဖောင်ဒေးရှင်းကို ပေးလှူခဲ့တာဖြစ်ပါတယ်။
Source: BBC