ရန်ကုန်၊သြဂုတ် ၁၇ ။ ။ ရေကြောင်းဘတ်စ်ပြေးဆွဲရန်အတွက် နိုင်ငံခြားမှမှာယူထားသော ရေယာဉ်များ ထပ်မံရောက်ရှိရန် ရှိနေပြီး ပြည်တွင်းလုပ်သင်္ဘော(၇)စီးပါ ပါဝင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
သြစတေးလျနိုင်ငံမှ မှာယူတင်သွင်းထားသော ကတ်တာမရင်(Catamaran) အမျိုးအစား သင်္ဘောနှစ်စီးမှာ သြဂုတ်လ၁၅ ရက်ညတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နန်းသီတာဆိပ်ကမ်း၌ ရပ်နားထားကြောင်း ရန်ကုန်ရေကြောင်းဘတ်စ်ကို တာဝန်ယူလုပ်ကိုင်နေသည့် တင့်တင့်မြန်မာ ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။
"မြန်မာပြည်မှာက ရ စီး၊ နိုင်ငံခြားက ၆ စီး ၊ ၁၃ စင်းနဲ့စပြီးတော့ အစ်မတို့ ၁၆ စင်းနဲ့ဆွဲမှာပေါ့နော်။ ၁၃ စင်းနဲ့ Operate လုပ်မယ် ။ ဘာကြောင့်လဲဆိုရင် ကျန်တဲ့ ၃ စင်းကတော့ Backup ပုံစံနဲ့ထားမှာ"ဟု တင့်တင့်မြန်မာကုမ္ပဏီမှ မတင့်တင့်လွင်က ဇူလိုင် ၁၄ ရက်နေ့၌ မဇ္စျိမကို ဖြေကြားခဲ့သည်။
ရန်ကုန်ရေကြောင်းဘတ်စ်အဖြစ် ပြေးဆွဲမည့်သဘောင်္အမျိုးအစားများမှာ မြန်မာနိုင်ငံထုတ်၊ ထိုင်းနိုင်ငံ ထုတ်နှင့် သြစတေးလျနိုင်ငံထုတ် လူ(၅၀)ဆံ့၊ လူ(၁၀၀)ဆံ့နှင့် အများဆုံးလူ(၂၀၀)ဆံ့သည့် သဘောင်္များဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။
လက်ရှိအချိန်၌ ရန်ကုန်ရေကြောင်းဘတ်စ်ပြေးဆွဲရန် တာဝန်ယူလုပ်ကိုင်နေသည့် တင့်တင့်မြန်မာ ကုမ္ပဏီသည် Inland Water Transport (IWT)နှင့် ပူးပေါင်းကာ Captainများ၊ Crew များအား ခန့်ထားပြီး နိုင်ငံခြားသားနည်းပြများဖြင့် လေ့ကျင့်ပေးနေသည်။
သန့်ရှင်းရေးဝန်ထမ်းများအဖြစ် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဒလမြို့နယ်တို့မှ အခြေခံလူတန်းစား မိသားစုများကို ခန့်အပ်ထားသည်။
လာမည့်ရက်သတ္တပတ်အတွင်း ရန်ကုန်ရေကြောင်းဘတ်စ်နှင့်ပတ်သက်၍ စက်ပစ္စည်းအသုံးပြုပုံများ၊ ဆိပ်ကမ်းတည်နေရာ၊ လက်မှတ်နူန်းထားများ၊ လုံခြံုရေးစံနူန်းများနှင့် ဖွင့်ပွဲကျင်းပမည့်နေ့ရက်များကို Yangon Water Bus Page မှ ကြေညာပေးသွားမည်ဖြစ်သည်။