အစ္စရေးနိုင်ငံတွင်ဖမ်းဆီးထားသည့် ပါလက်စတိုင်းအကျဉ်းသားများ၏ နေထိုင်ထားရှိသည့် အခြေအနေပေါ် မကျေနပ်၍ အစာငတ်ခံဆန္ဒပြသမှုသည် ငါးရက်မြောက်တိုင်လာပြီဖြစ်သည်။ ယင်းဆန္ဒပြမှုသို့ ပူးပေါင်းပါဝင်မည့် အကျဉ်းသားဦးရေလည်း တိုးလာဖွယ်ရှိသည်။
အစ္စရေးတာဝန်ရှိသူများက နိုင်ငံတောင်ပိုင်း နီးဂျဗ်ကန္တာရတွင်းရှိသည့် အကျဉ်းစခန်းသို့ ထောင်သားများကို ပြောင်းရွှေ့ထားရာမှစကာ သြဂုတ် ၅ ရက် စတင်ပြီး အစာငတ်ခံဆန္ဒပြလျက်ရှိခြင်းဖြစ်သည်။
အဆိုပါ အစာငတ်ခံဆန္ဒပြသူအကျဉ်းသားများ ယခင်အကျဉ်းထောင်သို့ပဲ ပြန်ပို့ရန် တောင်းဆိုကြကြောင်း ပါလက်စတိုင်း အကျဉ်းသားအသင်း PPS အရသိရသည်။ ထိုပြင် မိသားစုများ လည်ပတ်ခွင့်၊ သီးခြားချုပ်နှောင်ထားမှုနှင့် ပိုမိုကောင်းမွန်သည့် အနေအထားများအတွက်လည်း တောင်းဆိုကြခြင်းဖြစ်သည်။
ယခုဖမ်းဆီးခံ အစာငတ်ခံဆန္ဒပြသူများသည် အနောက်ဖက်ကမ်းတွင် ကြီးစိုးထားသည့် ပါလက်စတိုင်းဖာတက်ရှ်လှုပ်ရှားမှုနှင့် ချိတ်ဆက်မှုရှိထားကြသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည်။
ဆန္ဒပြသမှုသို့ အကျဉ်းသား ဒါဇင်ချီပူးပေါင်းလာဖွယ်လည်း ရှိထားသည်။
Ref: Press TV