ဘရာဇီးတိုက်စစ်မှူးဟာ ဘာစီလိုနာမှ ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့မှု အပြီးသတ်ချိန်မှာ နေမာဟာ တပတ်လုပ်ခ ယူရို ၈၆၅,၀၀၀ (ပေါင် ရ၇၅,၄၇၇) အထိ ဝင်ငွေရရှိလိမ့်မယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် ကစားသမားရဲ့ လစာဟာ အခွန်ဆောင်ပြီး တစ်နှစ်လျှင် ယူရို ၄၅ သန်း (ပေါင်သန်း ၄၀.၃) ရရှိမှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ပြင်သစ်ကလပ်ဟာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ပေါင်သန်း ၁၉၈) ကို "အပြည့်အဝ" ပေးချေရပါမယ်လို့ ပြောခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရှိထားပါတယ်။
ဒါ့ကြောင့် ပီအက်စ်ဂျီအသင်းဟာ ကနဦး (၅)နှစ် စာချုပ်ရဲ့ စုစုပေါင်ကုန်ကျမှုဟာ ယူရို သန်း (၄၀၀) ဖြစ်လာပါလိမ့်မယ်။
ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဗုဒ္ဓဟူးနေ့က လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီး ၎င်းဟာ စပိန်ကလပ်အသင်းမှ ထွက်ခွာလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက နေမာကို လေ့ကျင့်ခန်းမဆင်းရန်နှင့် အပြောင်းအရွှေ့ကိစ္စကို ဖြေရှင်းရန် ခွင့်ပြုပေးခဲ့့ပါတယ်။
Ref; BBC