ပြည်၊ သြဂုတ် ၁ ။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ နဝင်းချောင်းအတွင်း သြဂုတ် ၁ ရက် နံနက်ပိုင်းက ရေစီးဖြင့်မျောပါလာသည့် ပုပ်ပွသေဆုံးနေသော လူသေအလောင်းတစ်ခု တွေ့ရှိခဲ့ ကြောင်းသိရသည်။
ထိုနေ့ နံနက် ၁၀နာရီက ပြည်မြို့ နဝင်းချောင်း ကမ်းစပ် နဝင်းရပ်ကွက်ဘက်ခြမ်း နဝင်းတံတား၏ အောက်ဘက် အကျဆုံးနေရာတွင် မှောက်လျှက် သေဆုံးနေသော အမျိုးသားအလောင်းကို တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
သေဆုံးသူသည် ပြည်မြို့ သစ်ချီတင်ကျေးရွာ အုပ်စု သစ်ချီတင်ကျေးရွာ မှ အသက် ၆၅ နှစ်အရွယ် ဦးသန်းထွန်း ဆိုသူ တောင်သူတစ်ဦး ဖြစ်သည်ဟု သိရသည်။
၄င်းမှာ ကျန်းမာရေးမကောင်း၍ လမ်းမလျှောက်နိုင်ဖြစ်ကာ ဒရွတ်တိုက်သွားနေသူဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတွင် ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုမှ လိုက်လံရှာဖွေ နေသူဖြစ်သည်။
နံနက် ၁၀ နာရီခန့်တွင် ဇီးဖြူကုန်း နှင့် ချောင််းနားတန်းကျေးရွာသားများတွေ့ရှိ ၍ သက်ဆိုင်ရာအမှတ် ၁ ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြား၍စစ် ချက်များယူခဲ့သည်။ ထို့နောက် နေ့လည် ၁၂ နာရီခွဲတွင် ယင်းအလောင်း ကို မိုးမေတ္တာနာရေးကူညီမှုအသင်းက ကုတင် ၅၀၀ဆန့် ဆေးရုံကြီး ရင်ခွဲရုံသို့ပိုဆောင်ပေးခဲ့သည်။