မန်ယူဂျာစီနဲ့ မာတစ်

မန်ယူဂျာစီနဲ့ မာတစ်

ဇူလိုင် ၃၁၊ အင်္ဂလန် ။          ။ နေမာလိုပဲ အပြောင်းအရွှေ့သတင်းကြီးနေသူကတော့ မာတစ်ဖြစ်ပါတယ်။ မာတစ်ဟာ ယခုအပတ်ထဲမှာ မန်ယူကိုရောက်တော့မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ချယ်လ်ဆီးနဲ့အတူ ရာသီကြိုခြေစမ်းခရီးစဉ်ကို မလိုက်သွားကတည်းက မာတစ်အသင်းပြောင်းမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေခဲ့တာပါ။ အခု မန်ယူအသင်းဂျာစီ နံပါတ် ၃၁ ကို ၀တ်ဆင်ထားတဲ့ မာတစ်ရဲ့ပုံထွက်ပေါ်လာတာက အပြောင်းအရွှေ့သတင်းတွေကို အတည်ပြုသလိုဖြစ်သွားခဲ့ရပါတယ်။

မာတစ်ဟာ မန်ယူအသင်းမှာ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့က တရားဝင်မဖြစ်သေးလို့ မန်ယူနည်းပြမော်ရင်ဟိုကတော့ အတည်ပြုဖို့ ငြင်းဆန်ထားပါတယ်။

မော်ရင်ဟိုက မာတစ်ဟာ မန်ယူအသင်းကို အလွန်ပြောင်းချင်နေတယ်လို့ဆိုခဲ့ပြီး နံပါတ် ၃၁ ကလည်း မန်ယူမှာ လွတ်နေတဲ့ နံပါတ်တစ်ခုဖြစ်တယ်လို့သာ ပြောဆိုခဲ့ပါတယ်။

မာတစ်ရဲ့ပြောင်းရွှေ့ကြေးက ပေါင်သန်း ၄၀ လို့ ဆိုနေကြပေမယ့် ချယ်လ်ဆီးအသင်းဘက်က ပေါင်သန်း ၅၀ ပေးမှ လက်လွှတ်မယ်လို့ ဆိုထားပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly