ရန်ကုန်၊ ဇူလိုင်လ ၃ဝ ။ ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ သာယာကုန်းရပ်ကွက်နေ အသက် ရဝ အရွယ်အဘွားအိုတစ်ဦးနေအိမ်ရှိ ထမင်းပေါင်းအိုးအတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇူလိုင်လ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
မိုးကုတ်မြို့မရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ဇူလိုင်လ ၂၉ ရက်၊ ည ၄ နာရီခွဲအချိန်ခန့်တွင် သက်သေများ နှင့် အတူ မိုးကုတ်မြို့၊ သာယာကုန်းရပ်ကွက်နေ အသက် ရဝ အရွယ် ဒေါ်ရန်တားမီးဆိုသူ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုနေအိမ်အတွင်းသို့ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာတွင် အိပ်ခန်းအတွင်းရှိ ခြေရင်းတွင်ထားသည့် ထမင်း ပေါင်းအိုးအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၁၇ဝ ပြားကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သည့်အတွက် အသက် ရဝ အရွယ် ဒေါ်ရန်တားမီးအား မိုးကုတ်မြို့မရဲ စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။