ဇူလိုင် ၂၈၊ အင်္ဂလန် ။ ။ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုဟာ ဘောလုံးကစားတဲ့နေရာမှာ သူမတူအောင် ထူးချွန်သူတစ်ယောက်ဖြစ်သလို မိသားစုနဲ့ကလေးတွေကို ချစ်တတ်သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စီရော်နယ်ဒိုဟာ ရ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားငယ်ခရစ္စတီယာနိုဂျူနီယာနဲ့ မကြာမီကမှ မွေးဖားထားတဲ့ အီဗာနဲ့မက်တီယိုဆိုတဲ့ အမွှာပူးလေးနှစ်ဦးတို့ရဲ့ ဖခင်အဖြစ် ရှင်သန်နေသူပါ။
ပြီးတော့ လက်ရှိချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်မှာလည်း သူ့ရဲ့ရင်သေးလေးတစ်ဦးကိုယ်ဝန်လွယ်ထားရတယ်လို့ မကြာခင်က ထုတ်ဖော်ဝန်ခံထားပါတယ်။ ကလေး ၃ ယောက်ရဲ့ဖခင်ဖြစ်နေပြီ ဖြစ်ပေမယ့် စီရော်နယ်ဒိုက ဒီလောက်နဲ့ မကျေနပ်သေးပါဘူး။
နောက်ထပ် ကလေး ၄ ယောက်လောက်ထပ်လိုချင်သေးပြီး ကလေး ရ ဦးရဲ့ဖခင်ဖြစ်လိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သူ့ရဲ့ဂန္ထဝင်နံပါတ်ဖြစ်တဲ့ Number 7 ရဲ့အရေအတွက်အတိုင်း သူ့ရဲ့သားအကြီးဆုံးက ကလေးတွေထပ်မွေးဖို့ တောင်းဆိုခဲ့တာလို့လည်း စီရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။
“ခရစ္စတီယာနင်ဟို အရမ်းပျော်နေပါတယ်။ သူက ကလေးတွေကို ကောင်းကောင်းဂရုစိုက်ပါတယ်။ ပြီးတော့ ညီလေးတွေ ညီမလေးတွေ ထပ်လိုချင်သေးတယ်လို့ ပြောပါတယ်။ သူကစုစုပေါင်း ရ ယောက်ဖြစ်ချင်တာပါ။ နံပါတ် ရ ဆိုတာ မှော်ဆန်တဲ့ နံပါတ်ပါ။ ဒီအိုင်ဒီယာက ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်”
စီရော်နယ်ဒိုဟာ အခုအချိန်အထိ ခရစ္စတီယာနိုဂျူနီယာလေးရဲ့ မိခင်ဘယ်သူလည်းဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိသေးသလို အီဗာနဲ့မက်တီယိုတို့ကိုလည်း အငှားကိုယ်ဝန်ဆောင်နဲ့ မွေးဖွားထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကလေးချစ်တတ်သူတစ်ဦးဖြစ်ပေမယ့် သူ့ရဲ့လုပ်ရပ်တွေက သာမန်မိဘတွေနဲ့ကွဲပြားနေလို့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။
ရည်ညွှန်း Thesun