၂၀၁၇-၁၈ ရာသီအတွက် လာလီဂါပွဲစဉ်များ မဲခွဲပွဲကို သောကြာနေ့ ဇူလိုင် ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ရီးယဲလ်အသင်းနှင့် ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကို (El Clasico) ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ အဖွင့်ပွဲအဖြစ် ဒီပို့တီဗိုနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဒုတိယနေရာက ဘာစီလိုနာအသင်းမှာ အိမ်ကွင်းတွင် ဘက်တစ်ကို လက်ခံကစားရမှာဖြစ်ပါတယ်။
ချန်ပီယံကာကွယ်မယ့် ရီးယဲလ်ဟာ စပိန်စူပါဖလားရ ပြိုင်ဖက် ဘာစီလိုနာကို ပထမအကျော့ ဒီဇင်ဘာ ၂၀ ရက်မှာ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကို မေလ ၆ ရက်မှာ နူးကမ့်မှာ ပြန်လည်ကစားရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ် စံချိန်တင် ၁၂ ကြိမ်ရ ရီးယဲလ်ဟာ မက်ဒရစ်ဒါဘီဖြစ်တဲ့ အက်သလက်တီကိုနဲ့ ပထမအကျော့ကို နိုဝင်ဘာ ၁၉ ရက်မှာ ၁၉ ရက်မှာ ယှဉ်ပြိုင်သွားမှဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် နူးကမ့်မှာ ပထမအကျော့ ရီးယဲလ်ဘက်တစ်နဲ့ ကစားမှာဖြစ်ပြီး ရီးယဲလ်အသင်းကတော့ ဒီပို့ဒီဗိုနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လာလီဂါ ရာသီပိတ်သိမ်းပွဲမှာတော့ ရီးယဲလ်အသင်းက အဝေးကွင်းမှာ ဗီလာရီးယဲလ်၊ ဘာစီလိုနာက ရီးယဲလ်ဆိုစီဒက်ကို အိမ်ကွင်းမှာ အသီးသီး ကစားသွားမှာဖြစ်ပါတယ်။
(EFE_EPA)